ရခိုင့်အရေး ပြည်သူ့ပါတီနှင့် ALD ဆွေးနွေး

ရခိုင့်အရေး ပြည်သူ့ပါတီနှင့် ALD ဆွေးနွေး

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအကြောင်းအရာ အပါအဝင် ရခိုင်ကိစ္စရပ်များကို ပြည်သူ့ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့ ဇန်နဝါရီလ ၁၆ ရက်နေ့က ပြည်သူ့ပါတီ ဗဟိုဌာနချုပ်ရုံးတွင် ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် မြန်မာနိုင်ငံ အနာဂတ်အကြောင်းအရာများ၊ တိုင်းရင်းသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်များကို နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်သွားရန် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ALD ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောသည်။

“ မြန်မာနိုင်ငံရေးအနာဂတ် ဘယ်လိုဖြစ်လာမှာလဲ ဆိုတာတွေကို ဆွေးနွေးတယ်။ ရခိုင်ပြည်နယ်အရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာ အခုဖြစ်နေတဲ့ တိုက်ပွဲအကြောင်းအရာနဲ့ ထွက်ပြေးနေတဲ့ လူတွေရဲ့အကြောင်းအရာတွေ၊ စစ်ပွဲရပ်ဖို့ အခြေအနေတွေက ဘယ်လိုရှိမှာလဲဆိုတာတွေ၊ ဘယ်လိုရပ်မလဲ ဆိုတာတွေကို သူတို့နဲ့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်” ဟု ၎င်းကပြောသည်။

ပြည်သူ့ပါတီကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်တည်ထောင်ထား ခြင်းဖြစ်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ပါတီလည်းဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီကို ရခိုင်အမျိုးသားပါတီ (ANP) မှ ထုတ်ပယ်ခံထားရသည့် ALD ပါတီဝင်ဟောင်းများက ပြန်လည်တည်ထောင်ထားခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေး ကြိုးပမ်းနေသည့် ပါတီဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...