ဒုက္ခသည်များတောင်းဆိုချက် ဘာမှတုံ့ပြန်မှုမရှိသေးကြောင်း ချင်းဒုက္ခသည်ခေါင်းဆောင်များပြော

ဒုက္ခသည်များတောင်းဆိုချက် ဘာမှတုံ့ပြန်မှုမရှိသေးကြောင်း ချင်းဒုက္ခသည်ခေါင်းဆောင်များပြော

အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များအနေဖြင့် UNHCR ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် နဂိုအစီအစဉ်ဆွဲထားသည့်အတိုင်း နယူးဒေလီ UN ရုံးရှေ့တွင် (၃) ရက်ဆန္ဒပြခဲ့ကြသော်လည်း ဒုက္ခသည်များထုတ်ပြန်သော တောင်းဆိုချက်များအပေါ် UN ဘက်က ဘာမှတုံ့ပြန်မှုမရှိသေးဟု ချင်းဒုက္ခသည်များဆိုင်ရာ အဖွဲ့ခေါင်းဆောင်များ ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး “အစက သုံးရက်ဆန္ဒပြဖို့ဆိုပြီး စီစဉ်ထားသည့်အတိုင်း ဒီကနေ့ဟာ (၃) ရက်မြောက်ရှိလာပြီဖြစ်ပြီး အောင်မြင်မှုရှိ/မရှိအပေါ် အခုချိန်ထိ ဘာမှသတင်းထူး မရှိသေးဘူး” ဟု Chin Refugee Committee ဥက္ကဌ Remmawi က ပြောသည်။

“ယခုလို ဆန္ဒပြတဲ့အပေါ် အောင်မြင်မှုရှိမလားဆိုတာကတော့ အခုချိန်ထိ ဘာမှသတင်းထူးမရှိသေးဘူး၊ ကျမတို့တောင်းဆိုထုတ်ပြန်တဲ့ဟာကို မနေ့က UN ကိုပေးတယ်၊ သူတို့ဘက်ကလည်း ဆွေးနွေးနေတယ်လို့တော့ သိရတယ်၊ လက်ရှိအခြေအနေမှာတော့ ကျမတို့တောင်းဆိုတဲ့အပေါ် ဘာမှပြောစရာမရှိသေးဘူးလို့ ပြောရမှာဘဲ၊ ဘာမှအကြောင်းမပြန်သေးတော့ ခုလိုဘဲ UN ရုံးရှေ့မှာ ရပ်စောင့်နေရတာပါဘဲ” ဟုပြောသည်။

ယခုလို ချင်းဒုက္ခသည်များတောင်းဆိုချက်ကို UN ဘက်က ယခုချိန်ထိ ဘာမှတုံ့ပြန်မှုမရှိသောကြောင့် လာမယ့်အပတ်များတွင် ဆက်လက်ဆန္ဒပြမည့်ကိစ္စကို ဇန်နဝါရီ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ခေါင်းဆောင်များ အစည်းအဝေးပြန်ထိုင်ပြီး “အဲဒီအစည်းအဝေးဆုံးဖြတ်ချက်အရ လူထုကို ပြန်ပြီးအသိပေးအကြောင်းကြားသွားမယ်” လို့ Remmawi က ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချင်းဒုက္ခသည်များတောင်းဆိုချက်အပေါ် UN ဘက်က တုံ့ပြန်မှု မရှိမခြင်း ဆက်လက်ဆန္ဒပြသွားဖို့ အစီအစဉ်ရှိကြောင်း နယူးဒေလီမြို့အခြေစိုက် Chin Human Right Organization (CHRO) ရုံး တာဝန်ခံ Salai Cung Dawt က သူ၏ သဘောထားကို ယခုလို ပြောပါသည်။

“ခုလိုဆန္ဒပြတဲ့အပေါ် ထိရောက်မှုရှိမရှိကိုတော့ ပြောလို့မရသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အခုဆန္ဒပြတဲ့ဟာက အရင်လိုမဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြတယ်ဆိုတော့လေ၊ UN ဘက်ကလည်း နည်းနည်းပါးပါးတော့ စဉ်းစားမယ်လို့တော့ထင်ပါတယ်၊ တရက်တည်းလာပြီးတော့ ပြန်တာမျိုးမဟုတ်ဘဲနဲ့၊ ဒီကနေ့နဲ့ဆိုရင် (၃) ရက်ရှိနေပြီ၊ ကျနော်တို့အနေနဲ့လည်း တုံ့ပြန်မှုမရှိမချင်း ဆန္ဒပြဖို့အစီအစဉ်ဆွဲထားတယ်၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အစည်းအဝေးပြန်ထိုင်ပြီး ဘယ်လိုဆက်လက်လုပ်ဆောင်သွားမလဲဆိုတာ ပြန်ဆွေးနွေးသွားမယ်။” လို့ ပြောသည်။

အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များအနေဖြင့် UNHCR ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ဇန်နဝါရီ ၁၆ – ၁၈ ရက်နေ့များတွင် ဆန္ဒပြဖို့စီစဉ်ထားသည့်အတိုင်း နောက်ဆုံးရက် ဇန်နဝါရီ (၁၈) ရက်နေ့တွင် ဒုက္ခသည်လူဦးရေ (၄၀၀) ကျော် လာရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...