အမြန်လမ်းဘေး ထိုးကျနေသည့်ကားပေါ်မှ ဘင်္ဂါလီများတွေ့ရှိသဖြင့် လဝကမှ စစ်ဆေးနေ

အမြန်လမ်းဘေး ထိုးကျနေသည့်ကားပေါ်မှ ဘင်္ဂါလီများတွေ့ရှိသဖြင့် လဝကမှ စစ်ဆေးနေ

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၃၄/၂ -၁၃၄/၃ ကြားတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေး ထိုးကျခဲ့သော ယာဉ်ပေါ်၌ လိုက်ပါလာသူများမှာ ကျောက်တော်မှ ဘင်္ဂါလီများဖြစ်နေ၍ လဝကမှ စစ်ဆေးနေ ကြောင်း ကနဦး သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မဇ္စျိမမှ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ဗောဓိကုန်းစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တွင် တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက “ ခဏနေမှ ဆက်ပါ။ ကျွန်တော်တို့ စစ်ဆေးစရာတွေရှိလို့ စစ်ဆေးနေပါ တယ်”ဟု ပြန်လည်ဖြေဆိုခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကျောက်တံခါးမြို့ုနေသူ ကိုခင်မောင်ဝင်း မောင်းနှင် လာသည့် ကာစတန်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်သဖြင့် လမ်းဘေးမြောင်းအတွင်း ထိုးကျခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၃ ဦး လိုက်ပါလာသည်။

ယာဉ်မှာ လမ်းဘေးထိုးကျမှုကြောင့် ယာဉ်မောင်းဖြစ်သူသည် ကားခေါင်းအတွင်းညှပ်နေသဖြင့် အမြန်လမ်း မကြီးရဲတပ်ဖွဲ့၊ ဗောဓိကုန်းစခန်းတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု ကယ်ဆယ်ရေးအဖွဲ့မှ ကူညီပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယာဉ်ပေါ်ပါလာသူများအား စစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မှ ရောက်ရှိလာသော ဘင်္ဂါလီများ ဖြစ်နေသဖြင့် လက်ရှိတွင် သက်ဆိုင်ရာ လဝကဌာနမှ ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

တရားမဝင် အထောက်အထား မရှိ ရခိုင်ပြည်နယ်မှ ထွက်ခွာလာသည့် ဘင်္ဂါလီများအား ဖမ်းဆီးရရှိမှုများ ရှိနေပြီးလတ်တလော ဖမ်းဆီးရမိသူများနှင့်ပတ်သက်၍ အသေးစိတ် မသိရှိရသေးပေ။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ တနင်္သာရီကျွန်းအနီး၌ စစ်တွေမှ စက်လှေဖြင့် ရောက်ရှိလာသော ဘင်္ဂါလီလူမျိုး ၃၈ ဦး၊ နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်အနီး ပင်လယ်ပြင်၌ စစ်တွေမြို့၊ သဲချောင်းကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာမှ ဘင်္ဂါလီဒုက္ခသည် ၉၃ ဦး ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြိုအနီး ဖမ်းဆီးရရှိမှုအပါအဝင် ရခိုင်ပြည်နယ်မှ လှေစီးထွက်ပြေးမှု ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...