ထိုင်း နယ်စပ်ရောက် မိုင်းပန် စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်ပြန်

ထိုင်း နယ်စပ်ရောက် မိုင်းပန် စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်ပြန်
Photo by Mong Pan Youth/ သံလွင်အရှေ့ခြမ်းရောက် မိုင်းပန်မှစစ်ဘေးရှောင်များအား နေရပ်ပြန်ပို့
Photo by Mong Pan Youth/ သံလွင်အရှေ့ခြမ်းရောက် မိုင်းပန်မှစစ်ဘေးရှောင်များအား နေရပ်ပြန်ပို့

စစ်ရေးတင်းမာမှုကြောင့် ထိုင်း နယ်စပ် သို့ ထွက်ပြေးတိမ်းရှောင်နေသည့် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် ပန်ပိတောင်ပေါ်မှ စစ်ဘေးရှောင် ရွာသား ၃၀၀ ကျော် မှာ ယနေ့နေ့ခင်းပိုင်း နေရပ်သို့ ပြန်ရောက်ပြီဖြစ်ကြောင်းသိရသည်။

မိုင်းပန်မြို့နယ် နားမွန်အုပ်စု မိုက်ပုတ်ရွာ ပန်ပိရွာ နောင်ချိုရွာမှ စစ်ဘေးရှောင် ရွာသား ၃၀၀ ကျော်မှာ ဇန်နဝါရီလဆန်းပိုင်းက သံလွင်အရှေ့ခြမ်း ၀ ထိန်းချုပ်နယ် ထိုင်းနယ်စပ်ရှိ ဟွေ့အော့ နားကောင်းမူး အုပ်စုသို့ တိမ်းရှောင်ခဲ့ရာမှ ရလခတိုင်း ဆင့်ဆိုမှုကြောင့် ဇန်နဝါရီလ ၆ ရက်နေ့က ရလခလက်အောက်ခံတပ်များနှင့် “ ဝ” တပ်ဖွဲ့တို့ ပူးပေါင်းကာ နေရပ်သို့ ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ရှောင်များအား နေရပ်ပြန်နိုင်ရေး ကူညီမှုပေးနေသည့် မိုင်းပန် ဒေသခံ စိုင်းလုံ က – “ စစ်ရှောင် ၃၀၉ ယောက်ပါ။ မနေ့က မနက်ပိုင်းက နားကောင်းမူးကနေထွက်လာတယ်။ မိုင်းတုံမှာနေ့လည်စာဝင်စားပြီးတော့မှ တာ့ဆန်းတံတားအထိ ပို့တယ်။ သူတို့ တွေ တာ့ဆန်း တံတားက ခလရ ၂၉၄ မှာညအိပ်တယ်။ ဒီနေ့ မနက်ပိုင်း လင်းခေးဗျူဟာကနေ စစ်ကားကြီး ၁၂ စီးပို့ပြီး သွားကြိုလာတယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

စစ်ရှောင်များအား မိုင်းပန်မြို့တွင်းမှ နေရပ်ဖြစ်သော ပန်ပိတောင်ပေါ် မိုက်ပုတ်ရွာအထိ စစ်ကား ရ စီးနှင့်အတူ အရပ်သားကားများ စုစုပေါင်းအစီးရေ ၂၀ ကျော်က ပို့ဆောင်ပေးခဲ့ကြောင်းလည်း စိုင်းလုံက ပြောသည်။

“အရပ်သားကားတွေကို တစီး ၁ သိန်းကျော်ပေးငှားပြီးပို့ပေးခိုင်းတယ်လို့ကြားရပါတယ်။ စစ်ရှောင်တချို့တော့ ကြောက်ရွံ့စိုးရိမ်တာရှိနေသေးတယ်။အခြေအနေဘယ်လိုဆက်ရှိမလဲမသိဘူးလေ။ ” – ဟုလည်း ၄င်းကဆက် ပြောသည်။

အဆိုပါ စစ်ဘေးရှောင် များသည် မိုင်းပန်မြို့နယ် အရှေ့တောင်ဘက် ပန်ပိတောင်ကြော တဝိုက် လှုပ်ရှား နေသော RCSS/SSA ၊ မကြာသေးခင်က ထပ်မံရောက်ရှိလှုပ်ရှားလာသော PNLO တပ်များအကြား စစ်ရေး တင်းမာမှု တပ်သားသစ် စုဆောင်းမှုကြောင့် တချို့တဝက်မှာ မိုင်းပန်အနောက်ဘက်ရှိ လင်းခေးမြို့သို့ လည်းကောင်း၊ တချို့တဝက်မှာ မိုင်းပန်မြို့တွင်းသို့လည်းကောင်း တချို့တဝက်မှာ ထိုင်းနယ်စပ်သို့လည်းကောင်း အသီးသီးထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။ ဒေသခံများမှာ သျှမ်း၊ ပအို၀်း လူမျိုးများရောနှော နေထိုင်ကြ ကြောင်း ရွာသားများပြောပြချက်အရသိရသည်။

နားမွန်အုပ်စုအတွင်း RCSS/SSA နှင့် PNLO/PNLA တို့သည့် ၂၀၁၈ ခုနစ် မှစတင်က အပြန်အလှန် စစ်ရေး တင်မားမှု ဖြစ်ပွားကာ သျှမ်းဘုန်းကြီးကျောင်းနှင့် ပအိုဝ့်ဘုန်းကြီးကျောင်း လည်း မီးရှို့ ဖျက်ဆီးခံရပြီး အရပ်သားပြည်သူများ မှာ စိုးရိမ်ပူပန်မှုများကြား နေထိုင်နေရသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...