အချင်းချင်းချစ်ကြည် ညီညွတ်ဖို့ မိုင်းဖုန်းဆရာတော်တရားဟော

အချင်းချင်းချစ်ကြည် ညီညွတ်ဖို့ မိုင်းဖုန်းဆရာတော်တရားဟော
Photo by – องค์พระมหามัยมุนี บารมีสองแผ่นดิน/ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မယ့်ရင်းမြို့နယ်ရှိ ထိုင်းစစ်သင်တန်းကျောင်းတွင် မိုင်းဖုန်းဆရာတော်တရားဟောစဉ်
Photo by – องค์พระมหามัยมุนี บารมีสองแผ่นดิน/ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မယ့်ရင်းမြို့နယ်ရှိ ထိုင်းစစ်သင်တန်းကျောင်းတွင် မိုင်းဖုန်းဆရာတော်တရားဟောစဉ်

အချင်းချင်းချစ်ကြည် ညီညွတ်ကြရန်နှင့် ခိုက်ရန်ဖြစ်ပွါးမှုမဖြစ်ပွါးကြရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မယ့်ရင်းမြို့နယ်ရှိ ထိုင်းစစ်သင်တန်းကျောင်းတွင် တရားဒေသနာဟောကြားစဉ် မိုင်းဖုန်းဆရာတော် က မိန့်တော်မူသည်။

ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ မြောက်ပိုင်းချင်းမိုင်ခရိုင် မယ့်ရင်းမြို့နယ် ဒွန်းကျောက်အုပ်စု အမှတ် ရ စစ်သင်တန်းကျောင်းတွင် မိုင်းဖုန်းဆရာတော်ဦးဉာဏသံဝရ (ခေါ်) ခူးဝါးဝန်းစုမ့် က တရားဟောကြားရာတွင် ထိုင်း၊ ယွန်း၊ သျှမ်း တရားနာပရိသတ် ၁ သောင်းထက်မနည်း ရှိကြောင်းသိရသည်။

“တရားနာပရိသတ်တွေအရမ်းများတယ်။ ဆရာတော်ကထိုင်းလိုရော သျှမ်းလိုရော တရားဟောတာ။ ဆရာတော်ဟောသွားတာကတော့- လူဖြစ်ဖို့ကမလွယ်ဘူး။ လူရယ်လို့ဖြစ်လာရင် မိမိကိုယ်ကိုတန်ဖိုးထားရမယ်။ မိမိကိုယ်ကိုအတွက် ကောင်းမှုတွေလုပ်ရမယ်။ အမျိုးအတွက် ကောင်းမှုလုပ်ရမယ်။ အမျိုးအချင်းချင်း ချစ်ရမယ်။ ကူညီရမယ်။ စည်းလုံးညီညွတ်ရမယ်။ ကိုယ့်လူမျိုးအေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီရိုင်းပင်းရမယ်။ ကိုယ့်လူမျိုးအချင်းချင်း ခိုက်ရန်ဖြစ်ပွါးတာ သတ်ဖြတ်တာမကောင်းဘူးမဖြစ်သင့်ဘူး။ နေရပ်ကနေစွန့်ခွါပြီး ထိုင်းမှာလာပြီးအလုပ်လုပ်ကိုင်စားသောက်နေတဲ့သျှမ်းပြည်သားတွေ မိမိနေရပ်ကို မမေ့ပါနဲ့။ နေရပ်ပြန်ပြီး ဒေသဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါ- လို့ ဆရာတော်ကဟောပါတယ်။ “- ဟု မိုင်းဖုန်းဆရာတော်အား သွားရောက်ဖူးမျှော်ကာ တရားနာခဲ့သည့်  ချင်းမိုင်မြို့ရောက်သျှမ်းရွှေ့ပြောင်းအလုပ်သမား နန်းဟွမ်က သျှမ်းသံတော်ဆင့်အားပြောသည်။





Photo by SHAN/ မိုင်းဖုန်းဆရာတော် တရားပွဲသို့ တရားနာပရိသတ် ၁ သောင်းထက်မနည်း လာရောက်တရားနာယူ

မိုင်းဖုန်းဆရာတော်သည် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကြွရောက်တရားဟောမည်ဖြစ်ပြီး ဘူတန်နိုင်ငံသို့ဆက်လက်ကြွချီမည်ဖြစ်ကြောင်း၊ သင်္ကြန်ပြီးနောက်မှ သျှမ်းပြည်သို့ပြန်ကြွမည်ဖြစ်ကြောင်း၊ထိုနောက်ပိုင်းမိုင်းတုံမြို့နယ် မိုင်းကျက်အုပ်စုရှိ ဂူအတွင်း ၃ နှစ် ကြာ ဂူအောင်းတရားကျင့်ကြံအားထုတ်မည်ဖြစ်ကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...