ကွန်ဟိန်းမြို့တွင် ငွေကျပ် ၁၅၀၀၀၀ သိန်းတန်ဖိုးရှိ ICE များ ဖမ်းဆီးရမိ

ကွန်ဟိန်းမြို့တွင် ငွေကျပ် ၁၅၀၀၀၀ သိန်းတန်ဖိုးရှိ ICE များ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကွန်ဟိန်းမြို့တွင် ငွေကျပ် ၁၅၀၀၀၀ သိန်းတန်ဖိုးရှိ ICE များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီမှ သိရသည်။

ဇန်နဝါရီလ ၁၅ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များသည် တာကော်တံတား ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သတင်းအရ သက်သေများနှင့်အတူ တာကော် တံတားတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေနေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကွန်ဟိန်းမြို့နယ်၊ ကာလိ မြို့ဘက်သို့ ယာဉ်မောင်း မြင့်အောင်(၄ဝနှစ်) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်နေသူ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ ရှာဖွေရာတွင် အဆိုပါ မော်တော်ယာဉ်ပေါ်၌ အံဝှက် ပြုလုပ်၍ သိုဝှက်သယ်ဆောင်လာသော ပီနံအိတ် များ အတွင်းမှ ပလတ်စတစ်အိတ်များဖြင့်ထည့်ထားသည့် ICE (မက်သာအက်ဖက်တမင်း) ၆၀၀ ကီလို (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၅၀၀၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်အတွက် ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီမှ သိရသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...