မြစ်ကြီးနား Awng Lawt စစ်ရှောင်များ နေရာသစ်ကို ပြောင်းမည်

မြစ်ကြီးနား Awng Lawt စစ်ရှောင်များ နေရာသစ်ကို ပြောင်းမည်

မြစ်ကြီးနားမြို့ Jaw Masat ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ခိုလှုံနေသော Awng Lawt စစ်ပြေးဒုက္ခသည်များကို လာမည့် စနေနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ တွင် စခန်းသစ်သို့ ရွှေ့ပြောင်းမည်ဖြစ်သည်။

တနိုင်းမြို့နယ် Awng Lawt (အောင်လောဒ်) စစ်ရှောင် ၆၀၀ကျော်မှာ လရှည် ဘုရားကျောင်းဝင်းတွင် မိသားစုအလိုက် ဆက်လက် နေထိုင်ရန် အဆင် မပြေလာသောကြောင့် Jaw Masat ရပ်ကွက် (၆)၊ Maw Tawng ကျေးရွာတွင် အသစ် ဆောက်လုပ်ပေးသော စခန်းတွင် ရွှေ့ပြောင်းမည်ဖြစ်သည်ဟု စခန်းတာဝန်ခံ ဆရာ Zau Rat က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“စစ်ရှောင်လူဦးရေက များတော့ ဘုရားကျောင်းဝင်းမှာ ဆက်နေဖို့ အဆင်မပြေဘူး။ သူတို့ကိုယ်တိုင်လည်းတောင်းဆိုလာတယ်။ ဒီမှာက ချက်ပြုတ်စားတာကအစ မိသားစုအလိုက်ဆို ကြာလာတော့ အဆင်မပြေဘူး။ အစားအသောက်ကျွေးမွေးတာက အစနေရာအများကြီး အခက်အခဲတွေရှိတယ်။”

စခန်းသစ်တွင် စစ်ရှောင် မိသားစု ၁၄၀ ကျော်၊ လူဦးရေ ၆၀၀ ကျော် နေထိုင်ကြမည် ဖြစ်ပြီး မူကြိုကျောင်း၊ လျှပ်စစ်မီး၊ အိမ်သာ နှင့် ရေချိုးခန်းများ ဆက်လက် လိုအပ် နေသေးကြောင်း သူကဆက်ဆိုသည်။

ယမန်နှစ် ကချင်ပြည်နယ် အနောက်ဘက် တနိုင်းမြို့နယ် Awng Lawt ဒေသတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီးနောက် မြစ်ကြီးနား Jaw Masat ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်သို့ ဧပြီလ ၈ရက်နေ့ ရောက်ရှိလာသည်။ ဘုရားကျောင်းဝင်းတွင် ၉လကျော် ခိုလှုံပြီး ယခု Maw Tawng (မော်တောင့်) စခန်းသစ်သို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...