မြစ်ကြီးနား Awng Lawt စစ်ရှောင်များ နေရာသစ်ကို ပြောင်းမည်

မြစ်ကြီးနား Awng Lawt စစ်ရှောင်များ နေရာသစ်ကို ပြောင်းမည်

မြစ်ကြီးနားမြို့ Jaw Masat ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း ခိုလှုံနေသော Awng Lawt စစ်ပြေးဒုက္ခသည်များကို လာမည့် စနေနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ တွင် စခန်းသစ်သို့ ရွှေ့ပြောင်းမည်ဖြစ်သည်။

တနိုင်းမြို့နယ် Awng Lawt (အောင်လောဒ်) စစ်ရှောင် ၆၀၀ကျော်မှာ လရှည် ဘုရားကျောင်းဝင်းတွင် မိသားစုအလိုက် ဆက်လက် နေထိုင်ရန် အဆင် မပြေလာသောကြောင့် Jaw Masat ရပ်ကွက် (၆)၊ Maw Tawng ကျေးရွာတွင် အသစ် ဆောက်လုပ်ပေးသော စခန်းတွင် ရွှေ့ပြောင်းမည်ဖြစ်သည်ဟု စခန်းတာဝန်ခံ ဆရာ Zau Rat က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“စစ်ရှောင်လူဦးရေက များတော့ ဘုရားကျောင်းဝင်းမှာ ဆက်နေဖို့ အဆင်မပြေဘူး။ သူတို့ကိုယ်တိုင်လည်းတောင်းဆိုလာတယ်။ ဒီမှာက ချက်ပြုတ်စားတာကအစ မိသားစုအလိုက်ဆို ကြာလာတော့ အဆင်မပြေဘူး။ အစားအသောက်ကျွေးမွေးတာက အစနေရာအများကြီး အခက်အခဲတွေရှိတယ်။”

စခန်းသစ်တွင် စစ်ရှောင် မိသားစု ၁၄၀ ကျော်၊ လူဦးရေ ၆၀၀ ကျော် နေထိုင်ကြမည် ဖြစ်ပြီး မူကြိုကျောင်း၊ လျှပ်စစ်မီး၊ အိမ်သာ နှင့် ရေချိုးခန်းများ ဆက်လက် လိုအပ် နေသေးကြောင်း သူကဆက်ဆိုသည်။

ယမန်နှစ် ကချင်ပြည်နယ် အနောက်ဘက် တနိုင်းမြို့နယ် Awng Lawt ဒေသတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီးနောက် မြစ်ကြီးနား Jaw Masat ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်သို့ ဧပြီလ ၈ရက်နေ့ ရောက်ရှိလာသည်။ ဘုရားကျောင်းဝင်းတွင် ၉လကျော် ခိုလှုံပြီး ယခု Maw Tawng (မော်တောင့်) စခန်းသစ်သို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်။

ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...