နိုင်ငံတော်သမ္မတရုံး ပြောကြားချက် စစ်မက်လိုလားသော စစ်ဝါဒီသဘောဟု ဒေါက်တာအေးမောင် ဝေဖန်

နိုင်ငံတော်သမ္မတရုံး ပြောကြားချက် စစ်မက်လိုလားသော စစ်ဝါဒီသဘောဟု ဒေါက်တာအေးမောင် ဝေဖန်

ရခိုင်ပြည်သူများအပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြောကြားချက်မှာ သမ္မတကြီးသည်  စစ်မက်လိုလားသော စစ်ဝါဒီသဘောဖြစ်နေကြောင်း ဖမ်းဆီးခံနေရသော  ဒေါက်တာ အေးမောင်က ဇန်နဝါရီလ ၁၄ ရက်နေ့၊ စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်လာစဉ် ဝေဖန်ပြောဆိုလိုက်သည်။

ဇန်နဝါရီ (၇) ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ရခိုင်ပြည်သူများအား ရက္ခိုင့်တပ်မတော် (AA )အား ထောက်ခံမှုမပြုရန်နှင့် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးပြုလုပ်ရန် တပ်မတော်ကို ညွှန်ကြား ထားကြောင်း စသည့်စကားများကို ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး ရခိုင်လူထု ကြား ဝေဖန်မှုမြင့် တက်ခဲ့သည်။

ယင်းအပေါ် ဒေါက်တာအေးမောင်က  “ ကာလုံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံနဲ့ပတ်သက်တဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးကို ပြန်လည်သုံးသတ်ရမယ့်ကာလမှာ ကိုဇော်ဌေးက ပြောလိုက်တယ်။ နိုင်ငံတော်သမ္မတကြီးဟာ စစ်မက်လို လားတဲ့ စစ်ဝါဒီသဘော ပြောသွားတာရှိတယ်။ သမ္မတရုံးမှ ထုတ်ပြန်တယ်ဆိုတာမဖြစ်သင့်ဘူး ” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် တိုင်းရင်းသားအားလုံးလက်နက်ကိုင်အဖွဲ့စည်းများ အားလုံး ပြည်ထောင်စုကို ငြိမ်းငြိမ်းချမ်းချမ်းပြန်တည်ဆောက်မှသာလျှင် ရှေ့ဆက်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြော ကြား ခဲ့သည်။

ဒေါက်တာအေးမောင်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ ရုံးထုတ်တွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူရန် တိုက်တွန်းခဲ့သည်

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...