သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးကို မတရားအသင်းဥပဒေပုဒ်မ ၁၇(၁)(၂)ဖြင့် တရားစွဲဆိုနိုင်ရန် ချုပ်ရမန်ယူ

သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးကို မတရားအသင်းဥပဒေပုဒ်မ ၁၇(၁)(၂)ဖြင့် တရားစွဲဆိုနိုင်ရန် ချုပ်ရမန်ယူ
(ဖမ်းဆီးခံနေရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦးကို တွေ့ရစဉ်)
(ဖမ်းဆီးခံနေရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦးကို တွေ့ရစဉ်)

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးတို့ကို မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)(၂)ဖြင့် တရားစွဲဆိုနိုင်ရန် ယနေ့(ဇန်နဝါရီလ ၁၅ ရက်)၊ နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် တရားရုံး၌ ချုပ်ရမန်ယူခဲ့သည်ဟု ဘူးသီးတောင်မြို့နယ်၊ ရခိုင်အမျိုးသားပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက DMG ကို ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့က သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်အပါအဝင် အရပ်သား (၁၅) ဦး ကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် (၃)တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။ ယင်းနောက်တွင် အရပ်သား (၁၃)ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်နှင့် ဦးကျော်ဝင်းတို့ကို ဖမ်းဆီးထားကာ တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“၁၇(၁)က မတရားအသင်းဝင်ပုဒ်မ ဖြစ်တယ်။ ရိက္ခာထောက်ပံ့တယ်။ ငွေကြေး ထောက်ပံ့တယ်။ ၁၇(၂)က မတရားအသင်းကို ကူညီမူဖြစ်တယ်။ သူတို့ကို အဲဒီပုဒ်မနဲ့ တရားစွဲတင်နိုင်ဖို့ ရမန်ရယူခြင်းဖြစ်တယ်။ အဲဒီပုဒ်မနဲ့ တရားစွဲတင်နိုင်ဖို့ သက်သေအထောက်အထား ခိုင်လုံစွာ တရားရုံးကို တင်ပြနိုင်ရမယ်။ မပြနိုင်ရင် သူတို့ကို လွှတ်ပေးရမယ်။ ၂၈ ရက်နေ့ကို ရုံးချိန်းထားတယ်။ သရက်ပြင်ရွာက ဌေးအောင်အမှုနဲ့ ပေါင်းတင်မယ့် သဘောရှိတယ်” ဟု ဦးမောင်ကျော်ဇံက ဆိုသည်။

သရက်ပြင်ကျေးရွာက ကိုဌေးအောင်ကိုလည်း မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)နှင့် တရားစွဲဆိုနိုင်ရန် ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ဇန်နဝါရီလ ၁၄ ရက်မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ရမန်ယူထားသည်။

ကိုဌေးအောင်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားကာ ဖောက်ကွဲစေတတ်သော လက်နက်များ ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်ခဲ့သည်။ သို့သော် ဇန်နဝါရီလ ၁၄ ရက်နေ့က ရုံးထုတ်ရာတွင် ယင်းအမှုနှင့် ပတ်သက်၍ တရားစွဲဆိုနိုင်ခြင်း မရှိသောကြောင့် မတရားအသင်းဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုနိုင်ရန် ရမန်ယူခဲ့ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သရက်ပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...