RCSS နှင့် PC ချင်းမိုင်တွင် အလွှတ်သဘောတွေ့ဆုံ

RCSS နှင့် PC ချင်းမိုင်တွင် အလွှတ်သဘောတွေ့ဆုံ
ဓါတ်ပုံ- RCSS / ၂၀၁၈ နို၀င်ဘာလ ၁၆ ရက်နေ့က RCSS နှင့် PC တို့ အလွှတ်သဘောတွေ့ဆုံခဲ့ကြစဉ်
ဓါတ်ပုံ- RCSS / ၂၀၁၈ နို၀င်ဘာလ ၁၆ ရက်နေ့က RCSS နှင့် PC တို့ အလွှတ်သဘောတွေ့ဆုံခဲ့ကြစဉ်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် PC တို့ ယနေ့မနက်ပိုင်းထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံကြကြောင်းသိရသည်။

ဇန်နဝါရီလ ၁၄ ရက်ယနေ့မနက်ပိုင်း ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံခြင်းဖြစ်ရာ RCSS ဘက်မှ ဗိုလ်မှူးချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်းနှင့် ဦးစိုင်းလျန်း တို့ ဖြစ်ပြီး အစိုးရဘက်ကမူ PC အတွင်းရေးမှူးဦးခင်ဇော်ဦး၊ အကြံပေးပုဂ္ဂိုလ်ဦးလှမောင်ရွှေ ၊ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ တို့ပါ၀င်ကြောင်းသိရသည်။

ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာ ဦးခွန်စိုင်းက – လမ်းကြောင်းပိတ်နေတဲ့ဟာကိုကျော်လွှားနိုင်အောင် အဓိကဆွေးနွေးကြတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့မဆက်နိုင်သေးတာကို ဘယ်လိုပူးပေါင်းပြီးအဖြေရှာကြမလဲ၊ ဘယ်လိုထွက်လမ်းရှိနိုင်မလဲဆိုတာကို ဆွေးနွေးကြတာဖြစ်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

RCSS နှင့် PC တို့သည် ၂၀၁၈ နို၀င်ဘာလ ၁၆ ရက်နေ့ကလည်း အလွှတ်သဘောတွေ့ဆုံခဲ့ကြသည်။

ဇန်နဝါရီလ ၁၄ ရက်ယနေ့တွင်မူ RCSS အပြင် ငြိမ်းချမ်းရေးကော်မရှင် PC အဖွဲ့သည် ကရင်နီ KNPP နှင့် ကချင် KIO တို့နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၁၃ ရက် ယမန်နေ့ကမူ ငြိမ်းချမ်းရေးကော်မရှင် PC သည် ကရင်အမျိုးသားအစည်းအရုံး KNU နှင့်လည်းတွေ့ဆုံခဲ့သည်ဟုသိရသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...