ဘူးသီးတောင်မြို့နယ်တွင် အရပ်သား ၁၅ ဦးအား တပ်မတော်မှ ခေါ်ယူစစ်ဆေး

ဘူးသီးတောင်မြို့နယ်တွင် အရပ်သား ၁၅ ဦးအား တပ်မတော်မှ ခေါ်ယူစစ်ဆေး

ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သား ၁၅ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့က တပ်မတော်မှ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းက သရက်ပြင်ကျေးရွာသို့ စစ်တပ်နှင့် ရဲအင်အားအမြောက်အများ ရောက်ရှိလာပြီး ကျေးရွာရှိ အိမ်ထောင်စုစာရင်းများအား ယူဆောင်လာစေကာ အမျိုးသမီးများကိုပြန်စေပြီး အမျိုးသား များအား သီးသန့်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ၎င်းကျေးရွာမှအမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးမှ ပြောသည်။

“ယောကျ်ားတွေအားလုံးကို အိမ်ထောင်စုနဲ့ လူအပိုအလျော့ စစ်ဆေးပါတယ်။ သူတို့ဆီက ဖုန်းတွေ ကိုလည်း တပ်ကအားလုံးသိမ်းပြီးစစ်ဆေးပါတယ်။ ညနေ ၅ နာရီကျော်လောက်မှ အုပ်ချုပ်ရေးမှူးနဲ့ ရွာမှာ စပါးလာဝယ်သူတွေကို ဖမ်းခေါ်သွားပြီး စစ်တပ်ပါ၊ ရဲတွေပါပြန်သွားကြပါတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ယင်းသို့ တပ်မတော်မှ ခေါ်ယူစစ်ဆေးခံနေရသူများမှာ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်၊ ဦးမောင်ကျော်ဝင်းနှင့် ပြင်ချောင်းကျေးရွာမှ ဦးအောင်ထွန်းသိန်း၊ ဦးထွန်းမြကျော်၊ ဦးကျော်သန်းမောင်၊ ဦးအောင်သိန်းစိုး၊ ဦးအောင်မိုးထွန်း၊ ဦးဘစီ၊ ဦးမောင်မောင်သန်းတို့ ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ နှစ်ဦးနှင့် နေပူခံကျေးရွာမှ တစ်ဦးတို့အပါအဝင် အခြား ၃ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထိုသို့ အရပ်သားများ စစ်ဆေးခံနေရမှုနှင့်ပတ်သက်ပြီး အပြစ်မရှိပါက ပြန်လွတ်ပေးလိမ့်မည်ဟု ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောသည်။

“မနေ့က သရက်ပြင်ကို ကျနော်ကိုယ်တိုင်ရောက်တယ်။ ဒုက္ခသည်တွေ နေထိုင်ရေးအတွက် အဆင်ပြေ လွယ်ကူအောင် ဒုံးသိမ်ပုထိုးတော်ရှိ ဓမ္မာရုံကိုရွှေ့ပေးခဲ့တယ်။ သရက်ပြင်အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၁၅ ဦးကို ဖမ်းတာမဟုတ်ဘူးဗျ။ ခေါ်ယူစစ်ဆေးတာသာဖြစ်တယ်၊ မပြစ်မရှိရင် ပြန်လွတ်ပေးပါ လိမ့်မယ်” ဦးကျော်မင်းထွန်းက ဆိုသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...