ယာဉ်စည်းကမ်း ချိုးဖောက်မှုများကို Viber ဖြင့် တိုင်ကြားသဖြင့် ယာဉ်အစီးရေ ၄၆၀၀ ကျော်ကို အရေးယူ

ယာဉ်စည်းကမ်း ချိုးဖောက်မှုများကို Viber ဖြင့် တိုင်ကြားသဖြင့် ယာဉ်အစီးရေ ၄၆၀၀ ကျော်ကို အရေးယူ
ရန်ကုန်မြို့အတွင်း ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်နေကြသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ။ဓာတ်ပုံ - Yangon Traffic Police
ရန်ကုန်မြို့အတွင်း ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်နေကြသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ။ဓာတ်ပုံ - Yangon Traffic Police

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိလမ်းများပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်သည့် မော်တော် ယာဉ်များကို ပြည်သူများက ဓာတ်ပုံရိုက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ Viber ဖြင့် တိုင်ကြားလာမှုကြောင့် ယာဉ်အစီးရေ ၄၆၀၆ စီးကို အရေးယူထားကြောင်း သိရသည်။

 အရေးယူထားသည့် ယာဉ်များတွင် ကိုယ်ပိုင်ယာဉ်အများဆုံးဖြစ်ပြီး ကိုယ်ပိုင်ယာဉ် ၂၆၄၅ စီး အငှား ယာဉ်(တက္ကစီယာဉ်) ၁၆၃၂ စီး ၊ ခရီးသည်တင်ယာဉ် ၂၄၅စီး နှင့် အငှားကုန်တင်ယာဉ်၈၄ စီး ကို အရေးယူဆောင်ရွက်ထားခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း Viber ဖြင့် တိုင်ကြားထားသည့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ချိုးဖောက်သည့် မော်တော်ယာဉ်များအရေးယူထားရှိမှုတွင် နိုဝင်ဘာလ တွင် ၅၂၅ စီး ဖြင့်အများဆုံးဖြစ်နေပြီး ဇန်နဝါရီလ တွင် ၃၀၂ စီး၊ ဖေဖော်ဝါရီလ တွင် ၄၃၃ စီး  ၊မတ်လ တွင် ၂၉၇ စီး၊ ဧပြီလတွင် ၁၆၂ စီး ၊ မေတွင် ၂၂၀ စီး ၊ ဇွန်တွင် ၄၂၆ စီး ၊ ဇူလိုင်လ တွင် ၃၁၉ စီး ၊ သြဂုတ်လ တွင် ၅၂၂ စီး ၊စက်တင်ဘာလ တွင် ၅၀၇ စီး ၊အောက်တိုဘာလ တွင် ၃၈၂ စီး ၊ နိုဝင်ဘာလတွင် ၅၂၅ စီး နှင့် ဒီဇင်ဘာလတွင် ၅၁၁ စီး တို ့ကိုအရေးယူထားကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ့မှုးရုံး မှ သိရသည်။

 အဆိုပါ တိုင်ကြားမှုများသည် ၂၀၁၇ ခုနှစ် ကထက်တိုင်ကြားလာမှုပိုများခဲ့ပြီး တိုင်ကြားသည့်ယာဉ်များကို စည်းကမ်းချိုးဖောက်မှု ရှိမရှိ စီစစ်ပြီးမှသာ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းချိုးဖောက်မှုများကို Viber ဖြင့် ပြည်သူများတိုင်ကြားနိုင်ရန်အတွက်  ယာဉ်ထိန်းရဲတပ်ဖွဲ ့က ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ ့က စတင်ကာ အကောင်ထည် ဖော်ခဲ့ပြီး Viber ဖုန်းနံပတ် ၀၉ ၇၇၇ ၄၃၆၂၃၂ ၊ ၀၉ ၇၇၇ ၄၃၆၂၃၃ ၊ ၀၉ ၇၇၇၄၃၆၂၃၄ တို့ကို တိုင်ကြားနိုင်ကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...