ငွေကျပ်၂၃၃၁၃ ဒသမ ၈ သန်းအကုန်အကျခံ တည်ဆောက်ထားသော ချင်းတွင်းတံတား(ဟုမ္မလင်း) ဖွင့်လှစ်

ငွေကျပ်၂၃၃၁၃ ဒသမ ၈ သန်းအကုန်အကျခံ တည်ဆောက်ထားသော ချင်းတွင်းတံတား(ဟုမ္မလင်း) ဖွင့်လှစ်

ငွေကျပ်၂၃၃၁၃ ဒသမ ၈ သန်းအကုန်အကျခံကာ ဟုမ္မလင်းမြို့နှင့် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို ဆက်သွယ်ဆောက်လုပ်ထားသည့် ချင်းတွင်းတံတား(ဟုမ္မလင်း)ကို ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 ချင်းတွင်းတံတား(ဟုမ္မလင်း)ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး အလျား (၂၇၆၂ ဒသမ ၆)ပေ၊ တံတားအကျယ် (၂၈)ပေရှိပြီး တစ်ဖက်လျင် (၃)ပေ အကျယ်ရှိ လူသွားလမ်း (၂)လမ်း ပါရှိသည့် သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ်၊ သံမဏီသံပေါင်တံတားအမျိုးအစားဖြစ်ပြီး ငွေကျပ်၂၃၃၁၃ ဒသမ ၈ သန်းအကုန်အကျခံကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ခဲ့သည်။

အဆိုပါတံတားသည် ၂၀၁၈ ဒီဇင်ဘာ ၃၁ရက်တွင် ရာနှုန်းပြည့် ပြီးစီးခဲ့သည်။ချင်းတွင်းတံတား(ဟုမ္မလင်း)သည် ဟုမ္မလင်းမြို့နယ်တမူး-အောင်ဇေယျ-ကက်သာ-ဟုမ္မလင်း လမ်းမပေါ်တွင် တည်ရှိပြီး ဟုမ္မလင်းမြို့နှင့် ချင်းတွင်း မြစ် အနောက်ဘက်ခြမ်းရှိ ကက်သာကျေးရွာတို့နှင့် ဆက်သွယ်ထားခြင်းဖြစ်သည်။

 ချင်းတွင်းတံတား(ဟုမ္မလင်း)ကို ဖွင့်လှစ်ပြီးပါက ဟုမ္မလင်းမြို့နှင့်တဖက်ကမ်းရှိ ကျေးရွာများသည် ချင်းတွင်း အနောက်ခြမ်းရှိ အိန္ဒိယနိုင်ငံနှင့်ထိစပ်လျက်ရှိသည့်နယ်စပ်မြို့ဖြစ်သော တမူးမြို့နယ်တို့အကြား ကုန်စည်များ လျှင်မြန်စွာစီးဆင်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 ချင်းတွင်းမြစ်ဖြတ်တံတားများတွင် ချင်းတွင်းတံတား(စစ်ကိုင်း)၊ ချင်းတွင်းတံတား(မုံရွာ)၊ ချင်းတွင်းတံတား (ကလေး)၊ ချင်းတွင်းတံတား(ခန္တီး)၊ ချင်းတွင်းတံတား(ဟုမ္မလင်း) တို့ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...