လက်နက်သံကြား၍ ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင်များ အိမ်မပြန်ရဲ

လက်နက်သံကြား၍ ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင်များ အိမ်မပြန်ရဲ

(စေတီတောင်ကျေးရွာသို့ ရောက်ရှိလာသော စစ်ဘေးရှောင်များအား ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် နေရာချပေးထားသည်။ )

ဘူးသီးတောင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လက်နက်သံများ ကြားနေရဆဲဖြစ်သောကြောင့် အိမ်မပြန်ရဲဟု စေတီတောင်ကျေးရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များက ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင်မြို့နယ်ရှိ စည်တောင်ကျေးရွာ၊ ကံပြင်ကျေးရွာ၊ ခရုချောင်းကျေးရွာ၊ ရေကောင်းချောင်းကျေးရွာ၊ စပါးထားကျေးရွာ နှင့် ကွမ်းတောင်ကျေးရွာများမှ လူဦးရေ ၂၆၅ ဦး၊ အိမ်ထောင်စု ၉၃ စု တို့သည် ဇန်နဝါရီလ ၁ ရက် နေ့မှစတင်၍ စေတီတောင်ကျေးရွာသို့  ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

“စစ်ပွဲတွေက ဟိုမှာဖြစ်လိုက် ဒီမှာဖြစ်လိုက်၊ ဟိုက လက်နက်သံကြားလိုက်၊ ဒီက လက်နက်သံကြားလိုက်နဲ့ ဆိုတော့ လောလောဆယ် သွားဖြစ်မယ်မထင်ဘူး။ သွားမယ်ဆိုတော့လည်း ရဲရဲဝံ့ဝံ့ မသွားရဲဘူးဖြစ်နေတယ်” ဟု စစ်ဘေးရှောင် ဒေါ်အေးသိန်းဖြူက ပြောသည်။

စည်တောင်ကျေးရွာမှ ထွက်ပြေးလာသည့် ဒေါ်အေးနွယ်သိန်းက ၎င်းတို့ကျေးရွာအတွင်းသို့ မြန်မာ့တပ်မတော်သားများ ဝင်ရောက်လာသည်ကိုမြင်၍ ကြောက်လန့်ထွက်ပြေးလာခြင်းဖြစ်ပြီး နယ်မြေအေးချမ်းမှ အိမ်ပြန်မည်ဟု ပြောသည်။

“ပြန်သွားမယ်ဆိုတာက အေးချမ်းနယ်မြေဖြစ်မှ၊(သေနတ်သံ) မပေါက်၊ မကြားတော့မှ သွားရမယ်။ ကလေးတွေလည်း ရှိတော့လေ ” ဟု ဒေါ်အေးနွယ်သိန်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများမှာ စားနပ်ရိက္ခာအပြင် ကျွဲ၊ နွားတိရစ္ဆာန်များကိုလည်း ယူဆောင်မလာခဲ့ရသည့်အတွက် စီးပွားရေးအကျပ်အတည်းဖြစ်နေသည်ဟု ဆိုကြသည်။

စေတီတောင်ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်လာသူများတွင် အဝတ်အထည်၊ စောင်နှင့် ခြင်ထောင်များ လိုအပ်မှုရှိကြောင်းနှင့် အလုပ်အကိုင်မရှိသည့်အတွက် ငွေကြေးအခက်အခဲ ဖြစ်နေကြောင်းလည်း ဆိုကြသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...