မီဇိုရမ်ပြည်နယ်မှ JCB ယာဉ်မောင်း (၂) ဦးကို တပ်မတော်တပ်သား (၂) ဦးက ငွေတောင်းခံဟုဆို

မီဇိုရမ်ပြည်နယ်မှ JCB ယာဉ်မောင်း (၂) ဦးကို တပ်မတော်တပ်သား (၂) ဦးက ငွေတောင်းခံဟုဆို

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ကားလမ်းဖောက်လုပ်ရန် လာရောက်သော မီဇိုရမ်ပြည်နယ်မှ JCB (မြေတူးစက်) ယာဉ်မောင်း (၂)ဦးကို မြန်မာ့တပ်မတော် တပ်သား (၂) ဦးမှ ကျပ်ငွေ သိန်း ၇၀ တောင်းခံမှုနှင့် သေနတ်ဖြင့် ခြိမ်းခြောက်မှုများပြုလုပ်သည့် ဖြစ်ရပ် ဇန်နဝါရီလ ၁၁ ရက်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Vaphai ကျေးရွာနေ JCB ယာဉ်မောင်းသမား ၂ ဦးသည် ဖလမ်းမြို့ နယ်အတွင်း ကားလမ်းဖောက်သည့်အလုပ်လုပ်ကိုင်ရန် ဇန်နဝါရီလ ၁၁ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ်မှ တဆင့် JCB ကားဖြင့် ဝင်ရောက်လာကြပြီး မြန်မာရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ ကျပ်ငွေ ၅ သိန်း တောင်းခံပြီး ပြန်လွတ်ခဲ့သည်ဟု Vaphai ရွာမှ ဒေသခံတစ်ဦးဖြစ်သည့် ကိုZautea ကပြောသည်။

ထို့နောက် JCB ယာဉ်မောင်းနှစ်ဦးသည် ဖလမ်းမြို့ဘက်သို့ ဆက်လက်ထွက်ခွါပြီး Tibual ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်မှ တပ်သား ၂ ဦးက ထပ်မံဖမ်းဆီးကာ ကျပ်ငွေ သိန်း ၇၀ တောင်းခံခဲ့သည်ဟု သိရသည်။ တပ်သား ၂ ဦးနှင့်ပြေလည်မှုမရသဖြင့် Vaphai ကျေးရွာဘက်သို့ ပြန်လည့်လာသည့်အချိန်တွင် တပ်သား ၂ ဦးက Vaphai ကျေးရွာအထိ လိုက်သွားပြီး ၎င်းတို့ကိုဖမ်းဆီးရန်ကြိုးပမ်းခဲ့သည်ဟု ကို Zautea ကပြောသည်။

“ အဲဒီတပ်သား ၂ ဦးက Vaphai ရွာထိ လိုက်လာပြီး သူတို့ JCB ကားသော့နဲ့ စာရွက်စာတန်းတွေ သိမ်းသွားတယ် မြန်မာဘက်သို့ ပြန်ခေါ်သွားဖို့ လုပ်တော့ ယာဉ်မောင်း ၂ ဦးကလည်း ကြောက်နေကြတယ် အကူအညီလာတောင်းတော့ အဲဒီ တပ်သား ၂ ဦးကို ကျနော်တို့ရွာသားတွေ ဝိုင်းထားကြတယ် ရွာလူကြီးက အာသံရိုင်ဖယ်တပ်ကိုခေါ်ပြီး ရောက်လာကြတော့ တပ်ဦး ၂ ဦးနဲ့စကားပြောကြပြီး JCB သော့ နဲပ စာရွက်စာတန်းတွေကို ပြန်ယူလာတယ်’’ ဟု ကို Zautea ကပြောသည်။

ထိုနောက် အာသံရိုင်ဖယ်တပ်က မြန်မာတပ်သားနှစ်ဦးကို ၎င်းတို့စခန်းသို့ခေါ်ဆောင်သွားပြီးနောက် ညတွင်းခြင်း ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်တွင် JCB ယာဉ်မောင်းမလုံလောက်မှုကြောင့် မီဇိုရမ်ပြည်နယ်မှ JCB ယာဉ်မောင်းသမားများသည် လာရောက်လုပ်ကိုင်လေ့ရှိကြသည်။ ယခုဖြစ်စဉ်ကြောင့် Vaphai ကျေးရွာမှ ဒေသခံပြည်သူများအနေဖြင့် မြန်မာဘက်သို့ ဝင်ထွက်သွားလာမှုမလုပ်ကြရန် ရပ်ကွက်လူကြီးများက အသိပေးထားသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...