ကျပ် ၂၅ ဘီလီယံ ကုန်ကျခံ တည်ဆောက်ထားသည့် မြောင်းမြတံတားသစ်အား ဧပြီလ ၁ ရက်နေ ့တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက ပြောသည်။
“ပထမနှစ်မှာ ရတာ ၆ ဘီလီယံ ရှိပါတယ်။ အဲဒါကို သမ္မတ ရန်ပုံငွေ ထပ်ထည့်တယ်။ အရေးပေါ်ရန်ပုံငွေ ထည့်တယ်။ အဲဒါပြီးတော၂၀၁၈ မှာ လိုတဲ့ဘတ်ဂျက်ကို ထပ်ထည့်တော့ တံတားကို ၂၅ ဘီလီယံလောက် ကုန်ကျပါတယ်”ဟု မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အနီး၊ လပွ္ပတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် ကားလမ်းမပေါ်ရှိ ရွေးမြစ်အားဖြတ်ကူးတည်ဆောက်ထားသည့် မြောင်းမြမြို့အဝင် ကြိုးတံတားသည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မြောင်းမြဘက်ကမ်း ဆိုင်းကြိုး ပြတ်တောက်ကာ တံတားပြတ် ကျခဲ့ခြင်း ဖြစ်သည်။
“ လွှတ်တော်မှာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာက ကျွန်တော် မေးခွန်းမေးခဲ့တယ်၊ဝန်ကြီး ပြန်ဖြေခဲ့တာ တံတား နှစ်စင်းပေါ့၊ အဲဒီလိုမျိုး တံတားဆောက်ဖို ့ရည်ရွယ်တဲ့ အချိန်မှာပဲ တံတားကျိုးသွားတယ်၊ တံတားကျိုးတဲ့ အချိန်မှာ တံတားအသစ်က ဆောက်တာ။ တစ်နှစ်ရှိပြီ။ ဘတ်ဂျက်က နဂို ဒီဇိုင်းနဲ ့ဆွဲထားတာပါ။ တံတားကျိုး တဲ့ အချိန်မှာ မူလလုပ်တဲ့ စီမံကိန်းကို ပြန်ပြောင်းလိုက်ရပါတယ်။ ၂ နှစ် စီမံကိန်းကို ပြန်ပြောင်းလိုက်ရပါတယ်။ တံတား ပုံစံဒီဇိုင်းကို ပြောင်းတဲ့အတွက် ကုန်ကျစရိတ်ကလည်း ပြောင်းခဲ့ပါတယ်” ဟု ဒေါက်တာစိုးမိုးသူက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ ့တွင် မြောင်းမြတံတားအသစ် သံဘောင် နောက်ဆုံးအစိတ်အပိုင်း တပ်ဆင်ခြင်း အခမ်းအနား အား ကျင်းပပြုလုပ်ခဲ့ပြီး မြောင်းမြတံတားသည် တန် ၆၀ ခံနိုင်ဝန်ရှိ ၂ လမ်းသွား တံတားဖြစ်ကာ
တံတား မြန်မြန်ပြီးစီးရန် တာဝန်ရှိသူများက နေ ့၊ ည ဆောာင်ရွက်နေကြောင်း သိရှိရသည်။
“နောက်ဆုံးမူလီ ကြပ်တာပေါ့။ အပေါ်က အခင်းတွေ လာမှာပါ။ ဒီနေ ့လုပ်ငန်းပြီးစီးမှုက ၈၃ ရာနှုန်းပြီးစီးပြီ။ ကျန်တာ ၁၃ ရာနှုန်းပဲ ရှိတော့တယ်၊ မတ်လထဲမှာ ပြီးစီးဖို့ကို တံတားဦးစီးဌာနက ကြိုးစားဆောင်ရွက်နေတယ် ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့ဝင် လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
တံတားတွင် အသုံးပြုမည် သံဘာင်များက ဂျပန်နည်းပညာဖြင့် ရန်ကုန်တွင် ထုတ်လုပ်ပြီး၊ ယက်မများကို ဂျပန်နည်းပညာဖြင့် ရန်ကုန်တွင် ထုတ်လုပ်ခြင်းဖြစ်ကာ တံတားပေါ်တွင်တပ်ဆင်မည် လက်ရန်းအား မြောင်းတကာသံမဏိစက်ရုံတွင် ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြောင်းမြတံတားအသစ် ပြီးစီးရန်အတွက် ကြိုးတံတား ပြတ်ကျသွားချိန်မှာစတင်ပြီး တစ်ပတ်လျှင် ၃ ရာခိုင်နှုန်း ပြီးစီးရန်နှင့် တစ်လလျှင် ၁၂ ရာခိုင်နှုန်း ပြီးစီးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက်ပိုင်းတွင် ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ဇက်ကူးတို့များကို အစိုးရက ပြေးဆွဲပေးခဲ့သည်။
၁၉၉၄ ခုနှစ် စတင်တည်ဆောက်ပြီး၊ ၁၉၉၆ တွင် ပြီးစီးခဲ့သည့် အဆိုပါ မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် တစ်နိုင်ငံလုံး ကျန်ရှိသော ကြိုးတံတား ၂၉ စင်းကို ပြန်လည်စစ်ဆေး ပြင်ဆင်မှုများကို အစိုးရမှ ဆောင်ရွက်ခဲ့ သည်။မြောင်းမြတံတားကို မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်များ ကုန်စည်စီးဆင်းမှု ၊ ပြည်သူများ သွားလာမှုတို့ အတွက် အသုံးပြုနေသည့်တံတားလည်း ဖြစ်သည်။







