မြောက်ဦးမြို့သစ်တောဦးစီးဌာနမှ တောခေါင်းရာထူးရှိသူတစ်ဦး ဆိုင်ကယ်ရေမြောင်းထဲထိုးကျ သေဆုံး

မြောက်ဦးမြို့သစ်တောဦးစီးဌာနမှ တောခေါင်းရာထူးရှိသူတစ်ဦး ဆိုင်ကယ်ရေမြောင်းထဲထိုးကျ သေဆုံး

ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြောက်ဦးမြို့သစ်တောဦးစီးဌာနမှ တောခေါင်းရာထူးရှိသူတစ်ဦး ဆိုင်ကယ် ရေမြောင်းထဲထိုးကျ၍ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ တောခေါင်း ဦးတင်လှဖြစ်ပြီး မြောက်ဦး-မင်းပြားကားလမ်းကြားရှိ ပေါင်းတုတ်ကျေးရွာအနီး လမ်းဘေးရေမြောင်းတွင် သေဆုံးနေခြင်းဖြစ်ကြောင်း မြောက်ဦးမြို့မရဲစခန်းမှ သိရသည်။

“ဆိုင်ကယ်လမ်းဘေးထိုးကျပြီးတော့ ရေထဲနစ်ပြီးသေဆုံးသွားတာပါ။ မနက် ၉ နာရီခွဲခန့်က ကျွန်တော်တို့ သတင်းကြားလို့သွားကြည့်ပါတယ်။ သူက မနေ့ညကအရက်မူးပြီး ဆိုင်ကယ်မှာခြေထောက်နှစ်ချောင်းပိနေပြီး ပက်လက်အနေအထားနဲ့ ခေါင်းကိုကျောက်ခဲနဲ့ထိမှန်ကာ ရေတက်တဲ့အချိန်မှာ သေဆုံးသွားတာပါ ” ဟု မြောက်ဦးမြို့မစခန်းမှူး အောင်သူရက DMG ကိုပြောသည်။

ထိုသို့သေဆုံးသွားသည့် တောခေါင်းဦးတင်လှသည် မြောက်ဦးမြို့မှ ယောက္ခမရှိရာ ပန်းမော်ကျေးရွာသို့ သွားရာတွင် သေဆုံးသွားခြင်းဖြစ်ပြီး လက်ရှိတွင် အလောင်းအား မြောက်ဦးမြို့မဆေးရုံတွင် ရင်ခွဲစစ်ဆေးရန် ပြုလုပ်နေကြောင်း မြောက်ဦးသစ်တောဦးစီးဌာနမှ တောခေါင်း ဦးဝင်းတင်က ပြောသည်။

အဆိုပါ မြောက်ဦးမြို့ သစ်တောဦးစီးဌာနမှ တောခေါင်း ဦးတင်လှသေဆုံးမှုနှင့်ပတ်သက်၍ ပုဒ်မ ၃၀၄ လူသေ မှုဖြင့် မြောက်ဦးမြို့မစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...