မင်းတပ်မြို့တွင် ဓား၊ လှံ၊ လေး၊ မြှား နှင့် တူမီးသေနတ် ကိုင်ဆောင်ခွင့်ပိတ်ပင်

မင်းတပ်မြို့တွင် ဓား၊ လှံ၊ လေး၊ မြှား နှင့် တူမီးသေနတ် ကိုင်ဆောင်ခွင့်ပိတ်ပင်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ် အေးချမ်းမှု ရှိလာစေရေးအတွက် ဓား၊ လှံ၊ လေး၊ မြှားနှင့် တူမီးသေနတ်များကို မြို့ပေါ်သို့ ကိုင်ဆောင်ခွင့်ကို ဇန်နဝါရီလ (၃) ရက်နေ့စပြီး ပိတ်ပင်လိုက်သည်။

ဓလေ့ထုံးစံကို အကြောင်းပြု၍ ဓားပလိုင်းများကိုင်ဆောင်သွားလာခြင်းသည် လူ့အသက်အန္တရာယ်ကို  ဘေးဖြစ်စေလောက်သော မြစ်မှုကျူးလွန်သူများ တိုးမြှင့်ဖြစ်ပွားစေနိုင်၍ အထူးကိစ္စရပ်အနေဖြင့် မင်းတပ်မြို့ တွင် ဘာသာရေးနှင့် ရိုးရာပွဲလမ်းသဘင်များတွင် ခွင့်ပြုချက်ဖြင့် ပါဝင်သူများမှအပ မည်သူတစ်ဦး တစ်ယောက်မျှ ဓား၊ လှံ၊ လေး၊ မြှား၊ တူမီးသေနတ်အပါအဝင် လက်နက်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ပါဝင်သည့်ပစ္စည်းများကို စည်းကမ်းမဲ့ ကိုင်ဆောင်သွားလာသည်ကို စစ်ဆေးတွေ့ရှိပါက ၁၉၄၈ ခုနှစ်၊ ချင်းဝိသေသတိုင်းအက်ဥပဒေပုဒ်မ ၃၄(၆)ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့်ကို ဇန်နဝါရီလ (၃) နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မင်းတပ်မြို့ဒေသခံ ဦးရွှေလိန်းနိုင်ကတော့ မြို့နယ်အထွေထွေဦးစီးဌာန၏ ထုတ်ပြန်သည့် အမိန့်သည် ရိုးရာဓလေ့ကို ခြိမ်းခြောက်လိုက်သည့်သဘောဖြစ်သည်ဟု ခိုနူမ်းသုန်ကိုပြောသည်။

“ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့နေ့စဉ်နှင့်အမျှ အသက်မွေးဝမ်းကျောင်း ပြုတဲ့နေရာမှာ အထူးသဖြင့်က လေး၊ မြှား၊ သေနတ်ကတော့မဆိုလိုပါဘူး ဓားဆိုတာက မကိုင်လို့မရတဲ့အနေထားမှာရှိတယ် ကိုင်လည်းကိုင်ရတယ် မြို့ထဲကိုမဖြတ်ဘဲနှင့် အလုပ်လုပ်လို့မှမရတာ ဒီတောကိုဖြတ်ဆိုရင်လည်း ဒီမြို့ထဲကနေပဲဖြတ်ရတာ ကျွန်တော်တို့ရဲ့နေ့စဉ် အသက်ရှင်တဲ့ပုံပါ ထိခိုက်မယ်လို့မြင်တယ် ဆိုတော့ တူမီးသေနတ်ပါတယ် ပြီးတော့ လေး၊ မြှားပါတယ် ဒီဟာတွေကတော့ မြို့ထဲမှာတော့မကိုင်သင့်ဘူး အမှန်တော့ ဒါပေမယ်မြို့ထဲကနေကထွက်ပြီး ရွာသွားမယ်    တောထဲသွားမယ်ဆိုလို့ရှိရင် မြို့ဖြတ်ပြီးတော့ကိုင်ရမှာပေါ့ ဒါပေမယ့် အကြောင်းမဲ့ နယ်ကလာတဲ့ သူတွေက မြို့ကို လေး၊ မြှားတွေ တူမီးသေနတ်တွေယူမလာဖို့ကတော့တားဆီးသင့်တယ် မြို့ထဲမှာရှိတဲ့ ကျွန်တော်တို့ဒေသခံတွေကတော့ တောတောင်သွားမယ်ဆိုရင် မြို့ထဲကနေထွက်တာနဲ့ အဲဒါတွေ ယူသွားတာမျိုးတွေရှိတယ်လေ ဒါတွေကတော့ အတိုင်းတာတစ်ခုထိ ကန့်သတ်ရင်တော့ကောင်းတယ် လုံးဝကန့်သတ်ရင်တော့ အဆင်ပြေမယ်မထင်ဘူး” ဟု ဦးရွှေလိန်းနိုင်ကပြောသည်။

မင်းတပ်မြို့တွင် ယခင်က ရိုးရာဓလေ့အရ  ဓား၊ လှံ၊ လေး၊ မြှား နှင့် တူမီးသေနတ်များကိုင်ဆောင်ခဲ့ကြပြီး ဓားထိုးမှု၊ တူမီးသေနတ်ဖြင့် ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...