တရားမဝင်အလုပ်သမားများအားထိုင်းအစိုးရတင်းကျပ်စစ်ဆေးသွားမည်ဟုဆို

တရားမဝင်အလုပ်သမားများအားထိုင်းအစိုးရတင်းကျပ်စစ်ဆေးသွားမည်ဟုဆို
Photo by Prachachat/ လုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များ ကွင်းဆင်းစစ်ဆေးနေသည်ကိုတွေ့ရစဉ်
Photo by Prachachat/ လုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များ ကွင်းဆင်းစစ်ဆေးနေသည်ကိုတွေ့ရစဉ်

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း တရားဥပဒေနှင့်မကိုက်ညီသော ရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ကျော်ကို စစ်ဆေးဖမ်းဆီးရမိကြောင်း ကြေငြာလိုက်ပြီး စာရွက်စာတမ်း မပြည့်စုံသော အလုပ်သမားများအား ငှားရမ်းသည့်အလုပ်ရှင်များအား ဆက်လက်စစ်ဆေးဖမ်းဆီး သွားမည်ဖြစ် ကြောင်း ကြေငြာလိုက်သည်။

၂၀၁၈ ဂျူလိုင်လ ၁ ရက်နေ့မှ ၂၀၁၉ ဇန်နဝါရီလ ၂ ရက်နေ့အထိ ထိုင်းနိုင်ငံအစိုးရ ရွှေ့ပြောင်း အလုပ်သမားရေးရာတာဝန်ရှိပုဂ္ဂိုလ်များ မြို့နယ်အသီးသီးရှိ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ကွင်း ဆင်းစစ်ဆေးရာ အလုပ်ရှင် ၈၈၀၆ ဦးတွင် စာရွက်စာတမ်းမပြည့်စုံသည့်အလုပ်သမား ၅၃၅ ယောက်၊ ၄င်းတို့အားငှားရမ်းသည့်အလုပ်ရှင် ၆၉၂ ဦး၊ ထိုင်းနိုင်ငံအတွင်းခိုးဝင်သူ ၇၃ ဦး၊ အလုပ်သမားကတ်ပါ လုပ်ငန်းမဟုတ်သော တခြားလုပ်ငန်းတွင်အလုပ်လုပ်နေသူ ၈၄ ဦး တို့အား စစ်ဆေးဖမ်းဆီးရမိခဲ့ ကြောင်း ဖော်ပြထားသည်။

စုစုပေါင်းရွှေ့ပြောင်းအလုပ်သမား ၁၄၉၃၁၅ ဦးကိုစစ်ဆေးခဲ့ပြီး ဥပဒေနဲ့မကိုက်ညီတဲ့အလုပ်သမား ၄၂၆၂ ကိုဖမ်းဆီးခဲ့ကြောင်း၊ ၄င်းတို့မှာ မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမား ၂၉၁၄ ဦး၊ ကမ္ဘောဒီးယား ၅၈၃ ဦး၊ လာအို ၃၆၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၃၃ ဦးတို့ဖြစ်ကြကြောင်း – ထိုင်းနိုင်ငံ ပရချာချတ် သတင်းစာတွင်ဖော်ပြထားသည်။

HRDF မှ ဥပဒေပိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူ စိုင်းပိန်း က – “သူများနိုင်ငံမှာ နေထိုင်အလုပ်လုပ် မယ်ဆိုရင် သူများနိုင်ငံက ချမှတ်ထားတဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံးသင့်ပါတယ်။ ဒါမှ အဖမ်း မခံရမှာ ၊ ဒါမှ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ပိုက်ဆံရှာနိုင်မှာလေ ”- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ထိုင်းနိုင်ငံအစိုးရ အလုပ်သမားရေးရာဌာနက – ဥပဒေနှင့်မလိုက်နာသော ရွှေ့ပြောင်းအလုပ်သမားများသည် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်ပြီး အလုပ်လုပ်ခွင့်တောင်းခံခြင်းအား ၂ နှစ်ပိတ်ပင်ခြင်းခံရမည်ဖြစ်ကြောင်း၊ အလုပ်ရှင်များမှာမူ ဥပဒေနှင့်မကိုက်ညီသောအလုပ်သမားအား ငှားရမ်းပါက ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ဘတ် ၁၀၀၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်ပြီး အကြိမ်ကြိမ် ဥပဒေချိုးဖောက်ပါက ထောင်ဒဏ် ၁ နှစ် ဘတ်ငွေ ၅၀၀၀၀ မှ ၂၀၀၀၀၀ အထိ ဒဏ်တပ်မည်ဖြစ်ကြောင်း၊ အလုပ်သမား ငှားရမ်းခွင့် ၃ နှစ်ပိတ်ပင်ခံရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ ၀င်ရောက်အလုပ်လုပ်ကိုင်မည့် မည်သည့်နိုင်ငံမှအလုပ်သမားမဆို ထိုင်းအစိုးရနှင့် မိမိနိုင်ငံအစိုးရကြား ချမှတ်ထားသည့် MOU စည်းမျဉ်း အတိုင်းလိုက်နာရမည်ဖြစ်ကြောင်း လည်း – ထုတ်ပြန်ထားပါသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...