စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးကို တရားရုံးက ဒုတိယအကြိမ်ဆင့်ခေါ်

စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးကို တရားရုံးက ဒုတိယအကြိမ်ဆင့်ခေါ်

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွှန့်ကို မြို့နယ်တရားရုံးက လူကိုယ်တိုင်လာရောက်ပြီး တရားရင်ဆိုင်ရန် ဒီဇင်ဘာလ ၈ ရက်နေ့က ဒုတိယအကြိမ် သမ္မာန်စာပေးပို့ ဆင့်ခေါ်လာကြောင်း ဇနီးဖြစ်သူ ဒေါ်မဟန်သိန်းက DMG ကိုပြောသည်။

ဦးမောင်သိန်းညွှန့်ကို မည်သူက မည်သည့်အတွက်ကြောင့် အမှုဖွင့်ထားကြောင်းကို မသိရှိရသေးသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က စည်တောင်ကျေးရွာက ဒေသခံ ၁၁ ယောက်ကို တပ်မတော်က “လူသားဒိုင်းကာ”အဖြစ် ခေါ်ယူသွားသည်ဟု  မီဒီယာတစ်ချို့ကို အင်တာဗျူးဖြေလိုက်သောကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)(ခ) ဖြင့် အမှုဖွင့်အရေးယူခြင်း ဖြစ်နိုင်သည်ဟု ဘူးသီးတောင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ဆိုသည်။

ဦးမောင်သိန်းညွှန့်ကို ဇန်နဝါရီလ ၇ ရက်နေ့က တရားရုံးသို့ လာရောက်ရန် ပထမဆုံးအကြိမ် တရားရုံးက ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း တရားရုံးကို မသွားခဲ့သောကြောင့် ဒုတိယအကြိမ်မြောက် ဆင့်ခေါ်စာရောက်ရှိလာခြင်း ဖြစ်သည်။

"ဒီနေ့ပဲ တရားရုံးက စာနောက်တစ်စောင် လာပေးလာပါတယ်။ သူနေမကောင်းလို့ စစ်တွေကို သွားနေတယ်။ ခရီးလွန်နေတယ်။ ဖုန်းလည်း ယူမသွားဘူး။ အဲ့တော့  ဘယ်လို လုပ်ရမလဲဆိုတာ မသိတော့ဘူး” ဟု ဇနီးဖြစ်သူ ဒေါ်မဟန်သိန်းက ဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့က စည်တောင်ကျေးရွာက ဒေသခံ ၁၁ ဦးကို တပ်မတော်က ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာသို့ လမ်းပြအဖြစ် ခေါ်ယူသွားခြင်းဖြစ်ပြီး ၎င်းတို့ကိုညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးမောင်သိန်းညွှန့်သည် မီဒီယာတစ်ချို့ကို တပ်မတော်က လူသားဒိုင်းကာအဖြစ် ခေါ်ယူသည်ဟု မီဒီယာတစ်ချို့ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...