ဂျပန်ဘာသာစကားပြောသင်တန်း တာဟန်းတွင်ဖွင့်လှစ်

ဂျပန်ဘာသာစကားပြောသင်တန်း တာဟန်းတွင်ဖွင့်လှစ်

ရန်ကုန်အခြေစိုက် သိန်းထွန်းသစ္စာကုမ္ပဏီနှင့် Rih Region Multi Development Society (RRMDS) တို့ပူးပေါင်းပြီး ဂျပန်ဘာသာစကားပြောသင်တန်းကို ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

သင်တန်းကြေးကို တစ်လလျှင် ကျပ်ငွေ သုံးသောင်း သတ်မှတ်ထားပြီး တက်ရောက်လိုသူများအတွက် ယခုပတ်အတွင်း နာမည်စာရင်းသွားရောက်ပေးသွင်းရမည်ဟု သိရသည်။

ဂျပန်ဘာသာစကားပြောသင်တန်းကို အခြေခံအဆင့်မှ တတ်မြောက်သည်အထိ (N5 to N1) အဆင့်(၅) ဆင့် သတ်မှတ်ထားပြီး တာဟန်းတွင် အခြေခံအဆင့် (N5 နဲ့ N4) အထိ သင်ကြားပေးလျက်ရှိသည်။ (N5 နဲ့ N4) အထိအောင်မြင်ပြီးဆုံးပါက ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်နိုင်မည့်အခွင့်အလမ်းရှိသည်ဟု တာဝန်ရှိသူများကပြောသည်။

ဂျပန်ဘာသာစကားသင်ကြားပေးနေသည့် ဆရာမ Han Sian Dim က “ ဒီမှာတော့ (N5 နဲ့ N4) အထိဘဲ သင်ကြားပေးနိုင်တယ် သင်ကြားပြီးလို့ရှိရင် ရန်ကုန်မှာ စာမေးပွဲသွားဖြေရမယ် အောင်တယ်ဆိုရင်တော့ ကုမ္ပဏီနဲ့ဂျပန်သံရုံတို့ရဲ့ ချိတ်ဆက်မှုနဲ့ ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရှိပါမယ်၊ အဲဒီအတွက် ကုန်ကျစရိတ်တွေကို လောလောဆယ်ကျခံစရာမလိုဘူး ကုမ္ပဏီက တာဝန်ယူမယ် နောက်မှ သူ့တို့လစာထဲ ကနေ ပြန်နှုတ်ပါမယ်’’ ဟု ပြောသည်။

သင်တန်းကို နံနက် ၉ နာရီ မှ ၁၂ နာရီ၊ မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီ နှင့် ညနေပိုင်း ၆ နာရီခွဲ မှ ၉ နာရီအထိ တစ်နေ့လျှင် သုံးကြိမ်သင်ကြားပေးလျက်ရှိပြီး တက်ရောက်သူ အယောက် (၄၀) ခန့်ရှိသည်ဟုသိရသည်။

(N3 မှ N1) အထိ ဆက်လက်တက်ရောက်လိုပါက ရန်ကုန်မြို့သို့ သွားရောက်တက်ရောက်ရမည်ဖြစ်သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...