နေအိမ်များ၌ အိမ်ထောင်စုစာရင်းနှင့် မိသားစုဓာတ်ပုံများ ကပ်ထားရမည့်အစီအစဉ် အစိုးရဖျက်သိမ်း

နေအိမ်များ၌ အိမ်ထောင်စုစာရင်းနှင့် မိသားစုဓာတ်ပုံများ ကပ်ထားရမည့်အစီအစဉ် အစိုးရဖျက်သိမ်း

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ နေအိမ်များတွင် အိမ်ထောင်စုစာရင်းနှင့် မိသားစုဓာတ်ပုံများ ကပ်ထားရန် အစိုးရအဖွဲ့က ညွှန်ကြားသော်လည်း မကြာသေးမီ ရက်ပိုင်းက ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က DMG ကိုပြောသည်။

တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးအတွက် အိမ်ထောင်စုတစ်ခုချင်းအလိုက် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က အသေးစိတ် စိစစ်နိုင်ရန်အတွက် နေအိမ်များ၌ အိမ်ထောင်စုစာရင်း၊ မိသားစုဓာတ်ပုံများ ကပ်ထားကြရန် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီးနောက် မြို့နယ်များသို့ ညွှန်ကြားထားခြင်းဖြစ်သည်။

သို့သော် ယင်းသို့ညွှန်ကြားချက်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ကနဦးတွင် မသိရှိခဲ့ပေ။ ပြည်နယ်ဝန်ကြီးချုပ် သိပြီးနောက်တွင် အဆိုပါ အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဟု ဦးဝင်းမြင့်က ဆိုသည်။

“ဒါလုံခြုံရေးအတွက် ထုတ်ခဲ့တာမှန်တယ်။ ပထမက ဝန်ကြီးချုပ်ကတော့ မသိလိုက်ဘူး။ နောက်တော့ အဲဒါတွေကို ဝန်ကြီးချုပ်ကနေပြီးတော့ မလုပ်ပါနဲ့။ ပြည်သူတွေအတွက် အနှောင့်အယှက်ဖြစ်ပါတယ် ဆိုပြီးတော့ပြောလို့ အခုတားထားတာ ရှိပါတယ်။ မြို့နယ်တိုင်းမှာ လုပ်မယ်ဆိုလို့ရှိရင် ပြည်သူတွေ အမြင်တစ်မျိုး ဖြစ်သွားနိုင်တယ် ပေါ့နော်။ အဲဒါကြောင့်မလုပ်ပါနဲ့။ ပြည်သူတွေ မလုံခြုံသလို ဖြစ်သွားမယ်ဆိုပြီးတော့ပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

မြို့နယ်များတွင် ယင်းကဲ့သို့ အိမ်ထောင်စုစာရင်းနှင့် မိသားစုဓာတ်ပုံများကို ကပ်ထားရမည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...