ချင်းအမျိူးသမီးများ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးအတွက် တွန်းဇံမြို့တွင် အလှမယ်ပြိုင်ပွဲကျင်းပ

ချင်းအမျိူးသမီးများ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးအတွက် တွန်းဇံမြို့တွင် အလှမယ်ပြိုင်ပွဲကျင်းပ

ချင်းအမျိူးသမီးများ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး တွန်းဇံမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ကျိန်ငိုက်မန်နှင့် Miss Universe Myanmar အလှမယ် မိုးစက်ဝိုင်တို့မှ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် ဇန်နဝါရီလ (၅) ရက်နေ့က အလှမယ်ပြိုင်ပွဲကျင်းပခဲ့ကြသည်။

ချင်းလူမျိူးများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ချင်းအမျိူးသမီးများသည် အမျိူးသားများနှင့် တန်းတူအခွင့်အရေး မရရှိကြကြောင်း ချင်းအမျိူးသမီးများသည်လည်း လုပ်နိုင်ကိုင်နိုင်သည့်အရည်အချင်းရှိကြောင်း သိရှိလာစေရေး စိတ်ဓာတ်ပိုင်းမြှင့်တင်ပေးချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Miss Tonzang 2019 ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်ဟု အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်ကပြောသည်။

“ ကျမတို့အမျိူးသမီးတွေရဲ့ဘဝမြှင့်တင်ဖို့ စိတ်ဓာတ်တွေမြှင့်တင်ဖို့ အဓိကအခြေခံတာပေါ့ ဘာလို့လဲဆိုတော့ သူတို့ဘဝမှာ သတို့ကိုယ်သူတို့ ယုံကြည်မှုရှိမယ် လုပ်တဲ့ကိုင်တဲ့နေရာမှာ သူတို့ကိုယ်သူတို့ လုပ်ရဲတဲ့သတ္တိတွေရှိမယ် ကျမတို့ရဲ့ ဓလေ့ ယဉ်ကျေးမှုအရ အမျိူးသားနဲ့ အမျိူးသမီးတွေ တန်းတူအခွင့်အရေးမရပါဘူး ကျမတို့ ဇိုးမီးတွေရဲ့ထုံးစံအရဆိုရင် သားကိုဘဲ ဦးစားပေးရတာ သမီးကိုဆို ဦးစားပေးမှုက အရမ်းအားနည်းတာ ဒါက ကျမတို့ရဲ့ ရှေးရိုးယဉ်ကျေးမှုပေါ့နော် ဒါတွေကို ကျမ အနေနဲ့ မဖြစ်စေချင်ဘူး ဘာလို့လဲဆိုတော့ သားနဲ့သမီးဆိုတာ တန်းတူအခွင့်အရေးရှိရမယ် အမျိူးသမီးတွေဆိုရင် နေရာမရတဲ့ သဘောရှိတာပေါ့နော် အမျိူးသမီးတွေလည်း လုပ်နိုင်ပါတယ် ဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့ စိတ်ဓာတ်မြှင့်တင် ပေးချင်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်’’ ဟု ဒေါ်ကျိန်ငိုက်မန်ကပြောသည်။

ယင်းအလှမယ်ပြိုင်ပွဲတွင် ခါးနံပတ် (၆)မကျိန်ငိုက်ဟောက်က ပထမဆု ဆွတ်ခူးရရှိပြီး Miss Tonzang စလွယ် သရဖူနှင့် ကျပ် ၁၀ သိန်း၊ ခါးနံပတ် (၄) မကျိန်နိတ်စန် က First runner up (ဒုတိယ)ဆု ကျပ် ၇ သိန်းနှင့် ခါးနံပတ် (၁၁) မညောင်လွမ်းလွန်းက တတိယဆု ကျပ် ၅ သိန်းအသီးသီးရရှိခဲ့ကြသည်။

အမျိူးသမီးများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရေးနှင့် မိမိတို့၏ စံတန်ဖိုးများသိရှိလာပြီး ကိုယ့်ပတ်ဝန်းကျင် နှင့် နိုင်ငံအတွက် အကျိူးပြန်ပြုပေးနိုင်သည့် အမျိူးသမီးများဖြစ်လာစေရန်လိုအပ်ကြောင်း အလှမယ် မိုးစက်ဝိုင်ကပြောသည်။

“တကယ်တော့ အမျိူးသမီးတွေကို ပိုပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေချင်တယ် စွမ်းဆောင်နိုင်တဲ့အရည်အချင်းပေါ့ အမျိူးသမီးတွေကို သူတို့ Value ရှိစေချင်တယ် သမားရိုးကျအိမ်ထောင်ပြုပြီးတော့ ကလေးတွေမွေးတာ ဒီဟာတစ်ခုတည်း မဟုတ်ဘူးပေါ့နော် အမျိူးသမီးတွေရဲ့အခန်းကဏ္ဍကအများကြီးရှိသေးတယ် ပြီးတော့ သူတို့ရဲ့စိတ်ထဲမှာလည်း ကိုယ်ချစ်ပတ် ဝန်းကျင် ကိုယ့်နိုင်ငံအတွက် ပြန်အကျိူးပြုဖို့အတွက် တစ်ခုခုလုပ်ချင်စိတ်တွေ မွေးဖွားပေးချင်တဲ့ရည်ရွယ်ချက်တွေအများ ကြီးရှိပါတယ်” ဟု အလှမယ် မိုးစက်ဝိုင်ကပြောသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...