မိုင်းဖုန်းဆရာတော် ဝိဇာတမွေးနေ့ပွဲအမှတ်တရ တာချီလိတ်မြို့မှအလှူရှင်က မြေဧက ၃၀ လှူဒါန်းရေစက်ချ

မိုင်းဖုန်းဆရာတော် ဝိဇာတမွေးနေ့ပွဲအမှတ်တရ တာချီလိတ်မြို့မှအလှူရှင်က မြေဧက ၃၀ လှူဒါန်းရေစက်ချ
ပါဆာရွာရှိ သာသနာ့မြေနေရာ
ပါဆာရွာရှိ သာသနာ့မြေနေရာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖုန်းမြို့နယ် ပါဆာကျေးရွာတွင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ ၅၆ နှစ်မြောက်ဝိဇာတမွေးနေ့ပွဲ အမှတ်တရအဖြစ် မြေဧက ၃၀ ကို တာချီလိတ်မြို့မှ အလှူရှင်က ရေစက်သွန်းချလှူဒါန်းခဲ့ကြောင်းသိရသည်။

“တကယ်တော့ အဲဒီမြေတွေက အရင်ကတည်းက သာသနာ့ပိုင်မြေတွေ။ စစ်တပ်က သိမ်းယူပြီး ပြန်ပြီးအကွက်ချရောင်းချတယ်။ မြေပိုင်ရှင်တွေက ဆရာတော်ထံကို ပြန်လှူလိုက်တာ။ ဘူတန် လက်ရာပုံစံ ကျောင်းဆောင်ကိုလည်း ဘူတန်နိုင်ငံက ဆရာတော်ရဲ့ ဒကာတွေကလာဆောက်ထားပေးတယ်။ ခုတော့ အဲဒီမြေတွေဟာ သာသနာ့မြေတွေပြန်ဖြစ်ပြီပေါ့ ” – ဟု မိုင်းဖုန်းဆရာတော်၏ တပည့်တပါးဖြစ်သည့် တာချီလိတ်မြို့မှ ဆရာတော် ဦးဉာဏသီရိ က သျှမ်းသံတော်ဆင့်အားမိန့်တော်မူသည်။



ဓါတ်ပုံ- ရွှေတြိဂံသတင်းလွှာ – မြေနေရာနှင့်ကျောင်းဆောင် လှူဒါန်းနေကြပုံ

မြေ ၃၀ ဧကကိုအလှူရှင် ဦးဖရန်စစ်ထွန်းရီ၊ ဒေါ်နန်းဝိုးကျန် နှင့် ဦးရစ်ချတ်၊ ဒေါ်နန်း ပီယာရီ၊ ရန်အောင် မြေရပ်ကွက်၊ တရုတ်ဘုံကျောင်း လမ်းနေ (ပွင့်သစ်စ ကိုယ်အားကိုယ် ကိုးမူလ တန်းကြိုကျောင်း) မိသားစုတို့က ဇန်နဝါရီလ ၃ ရက်နေ့က ရေစက်ချလှူဒါန်းခဲ့ကြောင်းသိရသည်။

မိုင်းဖုန်းဆရာတော် တရားအားထုတ်ရန်နေရာအတွက် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ဆရာတော် ကိုယ်တိုင်ကြွချီကာရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းသိရသည်။

အဆိုပါမြေနေရာတွင် ဘူတန် ပုံစံကျောင်းဆောင်တဆောင်၊ စေတီတဆူနှင့် ရေကန် – စသည်တို့ဆောက်လုပ်ထားကြောင်းသိရသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...