လက်နက်ကြီးကျည်စ ထိမှန်သောကြောင့် စစ်ဘေးရှောင် လေးဦးဒဏ်ရာရ

လက်နက်ကြီးကျည်စ ထိမှန်သောကြောင့် စစ်ဘေးရှောင် လေးဦးဒဏ်ရာရ
လက်နက်ကြီး ကျည်စထိမှန်ပြီး ဒဏ်ရာရရှိသွားသောကြောင့် ဆေးကုသမှုခံယူနေရသည့် အသက် (၁၇)နှစ်အရွယ် မခင်ခင်ဝင်း
လက်နက်ကြီး ကျည်စထိမှန်ပြီး ဒဏ်ရာရရှိသွားသောကြောင့် ဆေးကုသမှုခံယူနေရသည့် အသက် (၁၇)နှစ်အရွယ် မခင်ခင်ဝင်း

ရသေ့တောင်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် လက်နက်ကြီးကျည်များ စစ်ဘေးရှောင်များ နေထိုင်သည့် တဲအနီး ကျရောက်ပေါက်ကွဲရာမှ ကျည်စများ ထိမှန်ပြီး လူငယ်(၄) ဦး ဒဏ်ရာရရှိသွားကာ အမျိုးသမီးတစ်ဦးမှာ အနည်းငယ်ဒဏ်ရာ ပြင်းထန်၍ ရသေ့တောင်မြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

သက်ပြေကျကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသည့် ဗောဓိကိုင်းကျေးရွာက စစ်ဘေးရှောင်များမှာ ဇန်နဝါရီလ ၃ ရက်နေ့၊ နံနက် ၉ နာရီကျော်တွင် ထမင်းစားနေချိန် လက်နက်ကြီးကျည်များ အဆက်မပြတ် ကျရောက်စဉ် အသက် ၈ နှစ်အရွယ်၊ အသက် ၉ နှစ် အရွယ်၊ အသက် ၁၇ နှစ်အရွယ်၊ အသက် ၁၈ နှစ်အရွယ် စုစုပေါင်း လေးယောက်မှာ လက်နက်ကြီးကျည်စ ထိမှန်သွားခြင်းဖြစ်သည်။

“ရွာထဲကို လက်နက်ကြီးကျလာတယ်။ ကျနော်နေတဲ့ တဲနားကို ကျလာတာ။ လက်နက်ကြီးကျတာကတော့ ကြောက်လို့ ရေတွက်လို့တောင်မရဘူး။ အဲဒီအချိန်မှာ ကျနော်တို့ သရက်ပင် အောက်တွေမှာ ဝပ်နေကြတယ်။ ဒဏ်ရာရတဲ့သူက လေးယောက်။ ဒဏ်ရာရတာမှာ ကျနော့်သမီး နှစ်ယောက်လည်း ပါတယ်။ သုံးယောက်ကတော့ ဒဏ်ရာနည်းနည်းပါ။ ကျနော့်သမီး(ခင်ခင်ဝင်း)တစ်ယောက်တော့ ဒဏ်ရာပြင်းတယ် ”ဟု မခင်ခင်ဝင်းဖခင် ဦးအင်္ဂါဖြူ ကပြောသည်။

ဒဏ်ရာရရှိသူ လေးဦးအနက် သုံးဦးမှာ ဒဏ်ရာမပြင်းထန်သောကြောင့် သက်ပြေကျကျေးရွာတွင်သာ ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာ အနည်းငယ်ပြင်းထန်သူ အသက် ၁၇ နှစ်အရွယ် မခင်ခင်ဝင်းမှာ ညနေ (၅) နာရီကျော် အချိန်ခန့်တွင် ရသေ့တောင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

“ကျနော့်သမီး(ခင်ခင်ဝင်း)ကတော့ လက်မောင်းနဲ့ တင်ပါးမှာဒဏ်ရာရသွားတယ်။ ကျန်လူတွေမှာလည်း ပါးပြင် မှာ၊ ပေါင်မှာလည်း ဒဏ်ရာရသွားတာတွေရှိတယ်”ဟု ဦးအင်္ဂါဖြူကဆိုသည်။

မည်သည့်တပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသွားသည်ကို အတိအကျ မသိရှိရသေးပေ။

ဗောဓိကကိုင်းကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် လူဦးရေ (၁၀၀)ကျော်မှာ လွန်ခဲ့သည့် (၈) ရက်ကပင် သက်ပြေကျကျေးရွာသို့ စစ်ဘေးရှောင်အဖြစ် ပြောင်းရွှေ့လာကြသည်။

လက်ရှိအချိန်တွင် သက်ပြေကျကျေးရွာတွင် ဓနိလက်၊ အုန်းလက်များဖြင့် တဲထိုးနေထိုင်ကြပြီး နေရေး၊ထိုင်ရေး၊ စားရေး၊ သောက်ရေး အခက်အခဲရှိနေကြသည်ဟု ဦးအင်္ဂါဖြူက ဆက်လက်ပြောသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...