ငြိမ်းချမ်းရေးအတွက် ကရင်တိုင်းရင်းသားများကို အထူးအားကိုးဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

ငြိမ်းချမ်းရေးအတွက် ကရင်တိုင်းရင်းသားများကို အထူးအားကိုးဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ကရင်တိုင်းရင်းသားများကို အထူးအလေးထား အားကိုးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ် ၂၇၅၈ ခုနှစ် ကရင်နှစ်သစ်ကူးနေ့သို့ ပေးပို့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ပါရှိသည်။

“ငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများတွင် ဖြောင့်မတ်တည်ကြည်၊ သတ္တိကြီးသော ကရင် တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူးအလေးထားအားကိုးပါသည်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်ဒဏ်ခံစားခဲ့ရသည့် ကရင်တိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူရန် လိုအပ်မည်ဟုလည်း ၄င်းကဆိုသည်။

ရိုးသားကြိုးစားခြင်း ၊ သစ္စာရှိခြင်း ၊ တိကျပြတ်သားစွာ လုပ်ကိုင်တတ်ခြင်းများသည် ကရင်တိုင်းရင်းသားများ၏ ကောင်းမြတ်သည့် ဓလေ့စရိုက်များအဖြစ် ဘိုးဘွားများက လက်ဆင့်ကမ်းအမွေပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဓလေ့စရိုက် များသည် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် တန်ဖိုးကြီးသည့် အရင်းအမြစ်များ ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့၏ သဝဏ်လွှာတွင် ထည့်သွင်းရေးသားခဲ့သည်။

လက်ရှိအချိန်၌ တိုင်းပြည်သည် ပြည်တွင်းပြည်ပ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နေရခြင်းကြောင့် တိုင်းရင်းသားအားလုံး ညီညွတ်ခြင်းသည် နိုင်ငံအတွက် ကာကွယ်ရေး လုံခြုံရေးတွင် အစွမ်းထက်မည့် လက်နက်ဖြစ်လာမည်ဟုလည်း ၄င်းက ပြောဆိုခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...