ကျောက်မဲတွင် တောင်သူအမျိုးသမီးတဦး မိုင်းထိမိ ဒဏ်ရာရ

ကျောက်မဲတွင် တောင်သူအမျိုးသမီးတဦး မိုင်းထိမိ ဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ နမ့်တွေ ကျေးရွာ တွင် ယနေ့မနက် ၁၁ နာရီဝန်းကျင်တွင် လက်ဖက်ခြံသို့ သွားရောက်အလုပ်လုပ်သည့် တောင်သူ အမျိုးသမီးတဦး မိုင်းထိမိ ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့မနက် ၁၁နာရီ ဝန်းကျင်တွင် အသက် ၅၅ နှစ်အရွယ် ဒေါ်သိန်းမြသည် လက်ဖက်ခြံတွင် သွားရောက်အလုပ်လုပ်ကာ မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ဒဏ်ရာရရှိကာ ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ဆေးကုသ ခံယူနေကြောင်း ကျောက်မဲမြို့ အခြေစိုက် ဇီဝိတ လူမှုကူညီရေးအသင်း မှ ဦးတင်မောင်သိန်း က ပြောသည်။

“ ညာဘက် ခြေထောက် ဒဏ်ရာရတယ်။ တော်တော်ဆိုးတယ်။ ခြေထောက် ဖြတ်ရ မဖြတ်ရဆိုတာတော့ မသိသေးဘူး” ဟု ဦးတင်မောင်သိန်းက ပြောသည်။

အဆိုပါ ဖြစ်ပွားသည့်နေရာသည် ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ နှင့် ၁၀ မိုင် ခန့်အကွာတွင်ရှိသော ဒေါ်သိန်းမြအား ဇီဝိတလူမှုကူညီရေးအသင်းမှ ကျောက်မဲဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်းသိရသည်။

“ နမ့်တွေ ကျေးရွာကနေ မိုင်းငေါ့ကို ဒဏ်ရာရတဲ့ တောင်သူကို ခေါ်လာတယ်။ မိုင်းငေါ့ကို ရောက်တော့ အသင်းကို အကူအညီ တောင်းလို့ လူနာကို သွားခေါ်ပြီး ကျောက်မဲ ဆေးရုံကိုပို့လိုက်တယ်” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

ယခုနှစ် နိုဝင်ဘာ လတွင်လည်း ကျောက်မဲမြို့နယ် ခုံငင်းကျေးရွာ အနီးတွင် အမျိုးသမီး ၂ဦး မြေမြုပ်မိုင်း နင်းမိကာ တဦး သေဆုံးသွားပြီး တဦးဒဏ်ရာရရှိခဲ့သည်။

ကျောက်မဲမြို့နယ် အတွင်း မြန်မာ တပ်မတော်၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(( TNLA)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော်(SSPP/ SSA )၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် ( RCSS /SSA )တို့ လှုပ်ရှာသွားလာသည့်နေရာဖြစ်သည်။

ထို့ကြောင့် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မှ ထောထားသည့် မိုင်းမှန်းမသိရသေးပေ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...