ဟားခါးမြို့မဈေးသစ် ၂၀၁၉ ဇွန်လတွင် အပြီးတည်ဆောက်ရန်ညွှန်ကြားထား

ဟားခါးမြို့မဈေးသစ် ၂၀၁၉ ဇွန်လတွင် အပြီးတည်ဆောက်ရန်ညွှန်ကြားထား

ဈေးဟောင်းဖျက်ပြီး ဈေးသစ်တည်ဆောက်မှု နှစ်ချီကြာပြီဖြစ်သည့် ချင်းပြည်နယ် ဟားခါးမြို့မဈေးတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇွန်လတွင် အပြီးသတ်တည်ဆောက်ရန်ညွှန်ကြားထားသည်ဟု လျှပ်စစ် စက်မှုနဲ့စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

၂၀၁၇ ကတည်းက စတင်ခဲ့သည့် ဟားခါးမြို့မဈေးသစ်ကို ကုမ္ပဏီကို အစိုးရမှ ကန်ထရိုက်ပေးတည်ဆောက်စေခဲ့ရာ အရည်အသွေးမပြည့်မီခြင်းကြောင့် အုတ်မြစ်ကအစ ပြန်လည်ဖျက်စီးကာ ၂၀၁၈ ခုနှစ်တွင် ပြန်လည်တည်ဆောက်လာခြင်းဖြစ်သည်။

ဝန်ကြီးဦးစိုးထက်က “အစိုးရဘတ်ဂျက်က သိန်းခြောက်ထောင် ပြည်သူထည့်ငွေက သိန်းသုံးထောင်သုံးရာနဲ့ဆောက်ဖို့စခဲ့တာဖြစ်တယ်။ အခုဆောက်နေတဲ့ဈေးပုံစံကတော့ ဒီထက်ငွေပိုကုန်မယ့်ဟာဖြစ်တယ်။ အခုကဖောင်ဒေးရှင်းကိုခိုင်အောင်  အရမ်းလုပ်ထားတော့ ကုန်ကျစရိတ်က ထင်ထားတာထက်ပိုကုန်တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးဖွဲ့ကနေ ပြောတာက အဆောက်အဦးက ပိုကောင်းလာသလို ကုန်ကျစရိတ်က ပိုများလာတယ်။ အဆောက်အဦးပြီးဖို့က ၂၀၁၉  စက်တင်ဘာလမှာ ပြီးမယ်လို့လုပ်ထားတယ်။ စက်တင်ဘာမှာဆိုနောက်ကျတယ်။ ကျွန်တော်တို့က ဇွန်လကုန် လောက် ပြီးနိုင်အောင်ညွှန်ကြားထားတယ်”ဟုပြောသည်။

သူကဆက်ပြီး “အရင်က သိန်းကိုးထောင်သုံးရာလို့ အဆောက်အဦးနှစ်ခု အတွက် သက်မှတ်ထားတာပေါ့။   အခုကုန်ကျစရိတ်က  သိန်းတစ်သောင်းခြောက်ထောင်လောက် ရှိမယ်။ ကုန်ကျတာ ကလည်း ဖောင်ဒေးရှင်းအတော်ခိုင်အောင်တော်တော်လေးလုပ်ရတယ်။  ဒီဈေးရဲ့ဖောင်ဒေးရှင်းလိုမျိုးက  ချင်းပြည်နယ်မှာဆိုရင် ဆောက်တာ  ဒီတစ်ခုဘဲရှိသေးတယ် ။ ကောင်းကောင်း ဆောက်ထားတာဖြစ်လို့ ကုန်ကျတာလည်းများမယ်။ ဆိုင်ခန်းတွေအတွက်တော့ သက်မှတ်နှုန်းထားနဲ့ ပေးနိုင်တာကတော့   မှုလသက်မှတ်ထားတဲ့ နှုန်းနဲ့ပေးမယ် ။ ကျန်တာတော့ တင်ဒါနဲ့ ရောင်းပြီး   ကုန်ကျစရိတ်ကာမိအောင် စဉ်းစားထားတယ်”ဟုပြောသည်။

ဟားခါးမြို့ မြို့မဈေးတည်ဆောက်ခြင်းလုပ်ငန်းကို ယခင်က Design Excal Company မှ တာဝန်ယူတည်ဆောက်ခဲ့သော်လည်း အရည်အသွေးပြည့်မီခြင်းမရှိဟုဆိုကာ ဆောက်လက်စကို ပြန်လည်ဖျက်သိမ်းပြီး ယခုလုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးအဖွဲ့(၉)အား တာဝန်ယူတည်ဆောက်စေခြင်းဖြစ်သည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...