ဒုက္ခသည်များအနေဖြင့် ရွေးချယ်စရာနည်းလမ်း (၂) ခုရှိသည့်အနက် နည်းလမ်း (၂) ကို ရွေးချယ်သူပိုများ

ဒုက္ခသည်များအနေဖြင့် ရွေးချယ်စရာနည်းလမ်း (၂) ခုရှိသည့်အနက် နည်းလမ်း (၂) ကို ရွေးချယ်သူပိုများ

 အိန္ဒိယရောက် ချင်းဒုက္ခသည်များအနေဖြင့် UNHCR ၏ ထုတ်ပြန်ချက်အရ ရွေးချယ်စရာနည်းလမ်း (၂) ခု ရှိသည့်အနက် တစ်ခုခုကို ရွေးချယ်ရမည့် Notification Interview ကို ဒီဇင်ဘာ (၁၁) ရက်နေ့က စတင်ပြုလုပ်ခဲ့ရာ အဆိုပါပေးထားသော ရွေးချယ်စရာနှစ်ခုအနက် နည်းလမ်း (၂) ကို ရွေးချယ်သူ ပိုများကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ UN အနေဖြင့် နည်းလမ်း (၁) ကို ရွေးချယ်နိုင်အောင် အကြံဉာဏ်အမျိုးမျိုးပေးခဲ့သော်လည်း ဒီဇင်ဘာလ (၁၁) ရက်နေ့ အင်တာဗျူးအရ လူတော်တော်များများက နည်းလမ်း (၂) ကို ရွေးချယ်ခဲ့ကြကြောင်း နယူးဒေလီရှိ Chin Human Right Organization (CHRO) ရုံးတာဝန်ခံ Salai Cung Dawt က ယခုလို ပြောသည်။

“Notification Interview မှာ တော်တော်များများက Option 2 ကိုရွေးကြတယ်၊ ကျွန်တော်သိရသလောက် မနေ့က အင်တာဗျူးဖြေတဲ့သူ (၁၁) ယောက်လောက်ရှိတယ်၊ (၁၀) ယောက်က Option 2 ကို ရွေးကြတယ်။ အဲဒီအချိန်မှာ UN ဘက်က Option 1 ကို ရွေးရင်မကောင်းဘူးလားဆိုပြီး စဉ်းစားချိန်တွေပေးတာတို့ရှိတယ်၊ အာဏာနဲ့တော့မဟုတ်ဘူး၊ စဉ်းစားချိန်က အကြာကြီးတော့မဟုတ်ဘူး နာရီဝက်၊ တစ်နာရီလောက် စဉ်းစားချိန်ပေးပြီး ပြန်ဖြေရမယ့်အ ခြေအနေမျိုးဖြစ်တယ် ဘာမှ ထူးခြားချက်မရှိဘူး” ဟု ပြောသည်။

UNHCR ၏ ထုတ်ပြန်ချက်တွင် ဒုက္ခသည်များအနေဖြင့် ရွေးချယ်စရာ နည်းလမ်း (၂) ခုရှိပြီး ပထမတစ်ခုမှာ လက်ရှိကိုင်ဆောင်ထားသော UN Register Card ကို ၂၀၁၉ ဒီဇင်ဘာလ (၃၁) အထိ ကိုင်ဆောင်ခွင့်ပေးမှာဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလ (၁) ရက်နေ့တွင် အဆိုပါ Card သည် အလိုအလျောက် ရပ်ဆိုင်းခံရမည်ဖြစ်သည်။

ဒုတိယတစ်ချက်မှာ နိုင်ငံတကာ၏ အကာကွယ်ပေးမှု ဆက်လက်လိုအပ်သေးသည်ဟု မိမိကိုယ့်ကိုယူဆလျင် UNHCR နှင့် တွေ့ဆုံမေးမြန်းခြင်း ခံယူရမည်ဖြစ်ပြီး (၂) လအတွင်း အကြောင်းပြန်ကြားမည်ဖြစ်သည်။

ယင်းအကြောင်းပြန်ကြားချက်အပေါ်မူတည်ပြီး ယခုလက်ရှိနေထိုင်သည့်နိုင်ငံတွင် ဆက်နေဖို့ဖြစ်စေ၊ တတိယနိုင်ငံကို ထွက်ခွါဖို့ဖြစ်စေ၊ မြန်မာနိုင်ငံကို ပြန်ဖို့ဖြစ်စေ ဆုံးဖြတ်သွားရမည်ဖြစ်သည်။

“အင်တာဗျူးမှာ မြန်မာပြည်အခြေအနေကို သူတို့ နည်းနည်းပါးပါး General အရတော့ Serious ဖြစ်တယ်၊ ပြီးတော့ သြစတေးလျ လျှောက်တဲ့သူတွေကို ခင်ဗျားတို့အတွက် File Number လည်းရပြီးသား၊ ဥပမာ-တော်တော်များများက သြစတေးလျ Embassy မှာ အင်တာဗျူးလုပ်ပြီးသားသူတွေရှိတယ်၊ အဲဒီလူတွေအတွက် Option 1 ရွေးရင်မကောင်းဘူးလား၊ ဒါမှမဟုတ် UN ကဒ်က ၂၀၁၉ မကုန်ခင်မှာ ခင်ဗျားတို့ အင်တာဗျူးမှာ မအောင်ရင်တော့ Expire ဖြစ်နိုင်တယ်ဆိုတာမျိုး သူတို့ဘက်က ပြောတာရှိတယ်၊ အဓိကတော့ Option 1 ရွေးနိုင်အောင် အကြံဉာဏ်တွေအမျိုးမျိုးပေးခဲ့တယ်၊ ဒါပေမယ့် မနေ့က အခြေအနေအရ လူတော်တော်များများက Option 2 ကိုပဲရွေးကြတယ်၊” ဟု Salai Cung Dawt ကဆက်ပြောသည်။

အိန္ဒိယရောက် ချင်းဒုက္ခသည်များအနေဖြင့် ယခုလို Option 2 ကို ရွေးချယ်ဖြစ်ရတဲ့အကြောင်းရင်းမှာ မြန်မာပြည်ကို မပြန်ချင်လို့မဟုတ်ဘဲ မြန်မာပြည်ကို အပြီးပြန်ဖို့အတွက် လုံခြုံစိတ်ချမှု မရှိသေးသည့်အတွက်ကြောင့် Option 2 ကို ရွေးချယ်ရခြင်းဖြစ်သည်ဟု Salai Cung Dawt က ခိုနှုမ်းသုန်သတင်းဌာနကို ယခုလိုဆက်ပြောပါသည်။

“မြန်မာပြည်ကို မပြန်ချင်တာမဟုတ်ဘဲနဲ့၊ အပြီးပြန်ဖို့ကတော့ လုံခြုံစိတ်ချမှု မရှိသေးဘူး၊ ကြောက်နေသေးတယ်ဆိုတာမျိုးပေါ့၊ ကျနော်တို့က ပြန်ချင်တယ်ဆိုရင် UN ကို အကြောင်းကြားမှဘဲ၊ UN က လုပ်ရမယ့်ဟာ ဖြစ်တယ်ဆိုတာမျိုး၊ နောက်ပြီး MOU Agreement လုပ်ထားတဲ့ဟာ ဘာမှမရှိသေးဘူး၊ UN နှင့် မြန်မာပြည်အစိုးရ Agreement လုပ်ထားတဲ့ဟာ ဘာမှမရှိသေးဘူး၊ နောက်တချက်က မြန်မာပြည်အခြေအနေက စစ်အုပ်ချုပ်မှု စစ်အာဏာက အရင်ကလိုဘဲ နေရာတကာမှာ အာဏာရှိတယ်၊ ဒါကြောင့် ကျနော်တို့အခြေအနေက ပြန်ဖို့ကြောက်နေတယ်ဆိုတာမျိုးကြောင့် Option 2 ရွေးကြတာဖြစ်တယ်” ဟုပြောသည်။

UN အနေနဲ့ကလည်း ခုလို Option 1 ရွေးချယ်ခိုင်းရသည့်အကြောင်းမှာ Option 2 ကိုရွေးပြီး အင်တာဗျူးပြန်လုပ်သည့်အခါ Qualify မဖြစ်ခဲ့ပါက လုံးဝ ကူညီပေးနိုင်တော့မည်မဟုတ်ကြောင်းနှင့် သြစတေးလျ Private Sponsor လျှောက်ထားသူများ အနေဖြင့် option 1 ကို ရွေးချယ်ပါက ၂၀၁၉ နှစ်မကုန်ခင်အတောအတွင်း သြစတေးလျနိုင်ငံကို သွားနိုင်သည့်အလားအလာရှိကြောင်း ပြောဆိုခဲ့ကြသည်ဟု Salai Cung Dawt က ပြောသည်။

“ခင်ဗျားတို့ Option-2 ကိုရွေးမယ်ဆိုရင် ခင်ဗျားတို့က UN ကို Challenge လုပ်တဲ့သဘောဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ Case ကို Individual Case နဲ့ တင်တော့မယ်၊ ခင်ဗျားတို့ Individual Case ကို ကြည့်ခြင်းအားဖြင့် ၈၀ ရာခိုင်နှုန်း ကတော့ အင်တာဗျူးမှာ ကျမှာဘဲဆိုတာမျိုး ပြောတာရှိတယ်၊ ဘာလို့ Option 1 ရွေးဖို့ ပြောထားရသလဲဆိုရင်တော့ ခင်ဗျားတို့ သြစတေးလျ Private Sponsor လျှောက်တယ်ဆိုရင် Option 1 ရွေးရင်တော့ လာမယ့် ၂၀၁၉ ဒီဇင်ဘာအထိဆိုတော့ အဲဒီအတောအတွင်းမှာ သြစတေးလျသွားနိုင်တဲ့ အလားအလာရှိတယ်၊ ဒါမှမဟုတ် ခင်ဗျားတို့ Option 2 ရွေးလို့ကတော့ လာမယ့် ဇန်နဝါရီမှာ ခင်ဗျားတို့ကို အင်တာဗျူး ပြန်လုပ်မယ့်အချိန်မှာ ခင်ဗျားတို့ Case က လုံးဝ Qualify မဖြစ်ဘူးဆိုရင် ခင်ဗျားတို့ UN ကဒ်ကို သိမ်းတော့မယ်၊ UN ရဲ့ Protection အောက်မှာမနေတော့ဘူး၊ ဘာမှလည်း ကူညီပေးနိုင်မှာ မဟုတ်တော့ဘူး၊ သြစတေးလျလည်း သွားနိုင်မှာမဟုတ်ဘူး၊ မြန်မာပြည်ပြန်ချင်ရင်လည်း ကူညီမှာမဟုတ်ဘူး၊ အဲဒါကြောင့် ခင်ဗျားတို့အတွက်က Option 1 က ပိုကောင်းပါတယ်ဆိုပြီး ပြောဆိုခဲ့ကြတယ်” ဟု ဆက်ပြောပါသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...