နယူးဒေလီ UN ရုံးရှေ့တွင် ချင်းဒုက္ခသည် ရာနဲ့ချီ ဆန္ဒပြ

နယူးဒေလီ UN ရုံးရှေ့တွင် ချင်းဒုက္ခသည် ရာနဲ့ချီ ဆန္ဒပြ

UNHCR ၏ ဆုံးဖြတ်ချက်နှင့် ဒီဇင်ဘာ (၁၁) ရက်နေ့တွင် စတင်ပြုလုပ်မည့် notification interview ကိစ္စကို သဘောမတူသည့်အနေဖြင့်  အိန္ဒိယရောက် ရာနဲ့ချီသောချင်းဒုက္ခသည်များ UN ရုံးရှေ့တွင် ဒီကနေ့ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နယူးဒေလီမြို့ရှိ Chin Human Right Organization (CHRO) ရုံးတာဝန်ခံ Salai Cung Dawt ကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ယခုလိုပြောပါသည်။

“UNHCR ဆုံးဖြတ်ထားသည့်အတိုင်း ရွေးချယ်စရာ နည်းလမ်း (၁) နှင့် (၂) ရွေးချယ်ရမည့် Notification Interview ကိစ္စကို ဆန္ဒပြဖို့ အစကနေ စီစဉ်ပြီးသားဖြစ်တယ်။ ဒါပေမယ့် UNHCR ရဲ့ အခြေအနေကို ကျနော်တို့ စောင့်နေတယ်။ Notification Interview ကို မနက်ဖြန်စဖို့လုပ်ထားတယ်၊ မစခင်မှာ ကျနော်တို့ လုံးဝသဘောမတူဘူးဆိုတာ ပြတဲ့အနေနဲ့ ခုလို ဆန္ဒပြရခြင်းဖြစ်တယ်။ အခုဆန္ဒပြတဲ့ပွဲမှာ ချင်းဒုက္ခသည်အားလုံးသွားချင်တယ် ဒါပေမယ့် UN ရုံးရှေ့မှာက နေရာသိပ်မရှိဘူး ဒါကြောင့် ကျနော်တို့ ကော်မတီလူကြီးတွေ၊ သက်ကြီးရွယ်အိုတွေကိုရွေးပြီး လူ ၁၀၀ လောက် သွားကြတယ်။” လို့ ပြောသည်။

UNHCR ဆုံးဖြတ်ချက်ကို လုံးဝသဘောမတူကြောင်းနှင့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်မည့် notification interview ကိစ္စကို လည်း သဘောမတူကြောင်း Salai Cung Dawt က ဆက်ပြောသည်။

“အဓိကကတော့ UNHCR ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူဘူး၊ ဒီ Notification Interview ဆိုတာလည်း သူတို့ Guideline လုပ်ထားတဲ့ဟာလည်း မဖြစ်နိုင်ဘူး၊ By force နဲ့ ရွေးချယ်စရာ နည်းလမ်း (၁) ကို ရွေးချယ်ဖို့ လုပ်လိုက်တဲ့ သဘောမျိုး ကျနော်တို့ လုံးဝသဘောမတူဘူးဆိုတာ သွားပြတာဖြစ်တယ်။” လို့ ဆက်ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို မနက် ၁၁ နာရီတွင် စတင်ခဲ့ပြီး UN ရုံးရှေ့တွင် နာရီဝက်ခန့်ရပ်ပြီး ဆန္ဒပြခဲ့ကြပြီးနောက် UN လူကြီးများက ချင်းဒုက္ခသည်များဆိုင်ရာလူကြီးများကိုခေါ်ပြီး ဆွေးနွေးခဲ့ကြကြောင်းနှင့် အင်တာဗျူးကိစ္စကို ရက်ရွေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ သော်လည်း UNHCR ဆုံးဖြတ်ထားသည့်အတိုင်း ဒီဇင်ဘာ (၁၁) ရက်နေ့တွင် အင်တာဗျူးလုပ်သွားမယ်လို့ ဆက်ပြောသည်။

“UN က လူကြီးတွေက ချင်းလူကြီးတွေနဲ့ တွေ့ဖို့ခေါ်ပြီး ဆွေးနွေးကြတယ်။ ကျနော်တို့ရေးထာားတဲ့ statement တွေကို ပေးတယ်၊ ဘာကြောင့် ဆန္ဒပြတယ်ဆိုတာတွေကို ရှင်းပြတယ်။ Interview ကိစ္စကို ရက်ရွေ့ဆိုင်းပေးဖို့တောင်းဆိုခဲ့တာရှိတယ် ဒါပေမယ့် အင်တာဗျူးက မနက်ဖြန်စတော့မှာဖြစ်တဲ့အတွက် သူတို့က ရွေ့လို့မရတော့ဘူးလို့ ပြောဆိုခဲ့တယ်” လို့ ပြောသည်။

အိန္ဒိယရောက်ချင်းဒုက္ခသည်တော်တော်များများသည် Australia နိုင်ငံကိုသွားရောက်ဖို့ ဗီဇာစောင့်နေသောသူ အများအပြား ရှိသည့်အပေါ် UNHCR မှ အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း Salai Cung Dawt က ခိုနှုမ်းသုန်သတင်းဌာနကို ခုလို ဆက်ပြောပါသည်။

“ဒေလီမှာရှိတဲ့ ချင်းဒုက္ခသည်တော်တော်များများကလည်း Australia ကို လျှောက်ကြတယ်။ အင်တာဗျူးလုပ်ထားပြီးသားသူတွေ လည်းရှိတယ်၊ ဗီဇာစောင့်တဲ့လူတွေပေါ့၊ အဲဒီလူတွေအတွက်ရော် ဘယ်လိုအစီအစဉ်ရှိလဲ၊ ဘယ်လိုလုပ်ထားသလဲ၊ လုံးဝလမ်းမပိတ် နဲ့ ဆိုပြီး demand လုပ်ထားတယ်။ UNHCR က ပြောတာက ခင်ဗျားတို့သွားနိုင်ဖို့ကို ကြိုးစားပေးမယ်၊ ဆိုလိုတာက ဘာမှ block မလုပ်ထားဘူး၊ ဥပမာ-ဗီဇာ စောင့်တဲ့ သူတွေဆိုရင် visit permit က အစ၊ ကျနော်တို့ တတ်နိုင်တဲ့ဟာ၊ recommendation ရေးပေးမယ်၊ အစိုးရမှာ visit permit ရနိုင်အောင်ပေါ့၊ file number ရပြီး အင်တာဗျူးလုပ်ပြီးသားလူတွေကို လုံးဝ block မလုပ်ဘူး ဒီ process ကို သွားနိုင်အောင် ကျနော်တို့ တတ်နိုင်တဲ့နည်းလမ်းကနေ recommendation ရေးပေးမယ်ဆိုတာမျိုး ပြောထား တယ်။” လို့ ပြောသည်။

UNHCR မှ notification interview လုပ်ပြီးသွားရင် နည်းလမ်း (၁) ဘဲဖြစ်ဖြစ် နည်းလမ်း (၂) ဘဲဖြစ်ဖြစ် ရွေးတဲ့ခါမှာ UN ကဒ်ကို သိမ်းတော့မယ်ဆိုပြီး ပြောထားတဲ့အပေါ် ချင်းလူကြီးများက ဆွေးနွေးခဲ့ကြကြောင်း သိရပြီး UN ကဒ်ကို မသိမ်းဖို့၊ ပေးထားတဲ့သက်တမ်းအတိုင်းဆက်ပြီး ကိုင်ဆောင်ခွင့်ပေးဖို့တောင်းဆိုထားကြောင်း အဆိုပါဒီကိစ္စကို Geneva က လူကြီးတွေ နဲ့ပြန်လည်ညှိုနှိုင်းပြီးတော့ ပြန်ပြီးအကြောင်းကြားမယ်လို့ UN ဘက်က ပြောဆိုခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...