ဒီဇင်ဘာလတွင် တပ်ချုပ်ကို ချင်းသူရဲကောင်းဘွဲ့ကို ချီးမြှင့်သည့်အပေါ် ခနဲ့သရော်သူများအား နှစ်သစ်မှာ တရားစွဲဆိုမည်ဟုဆို

ဒီဇင်ဘာလတွင် တပ်ချုပ်ကို ချင်းသူရဲကောင်းဘွဲ့ကို ချီးမြှင့်သည့်အပေါ် ခနဲ့သရော်သူများအား နှစ်သစ်မှာ တရားစွဲဆိုမည်ဟုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုချီးမြှင့်ခြင်း နဲ့ပက်သက်ပြီး စကားအား ဖြင့်လည်းကောင်း စာအားဖြင့်လည်းကောင်း ကဲ့ရဲ့ခနဲ့သူများကို နှစ်သစ်တွင် တရားစွဲ

မှုများ ပြုလုပ်မည်ဟု ရန်ကုန်တီးတိန်လူမှုရေး အသင်းအတွင်းရေးမှုးဖြစ်သူ ဦးကပ်နိုက Innpi ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့ နှစ်သစ်တွင် တရားစွဲဆိုမှုပြုလုပ်ရန်အတွက် သတင်းမီဒီယာကောင်စီနှင့် ရှေ့နေကောင်စီနှင့်ဆွေးနွေးပြီးဖြစ်ကြောင်းဖော်ပြပါရှိသည်။

တရားစွဲဆိုမည့် အဓိကအကြောင်းအရာအဖြစ် နိုင်ငံ့ခေါင်းဆောင်ကြီး တစ်ဦးအားကဲ့ရဲ့ အပြစ်တင်ခြင်း၊ နိုင်ငံအတွင်း ငြိမ်းချမ်းဖို့ အေးချမ်းဖို့မလိုလားခြင်း၊ နိုင်ငံသားများ၏ စိတ်အနှောင့်အယှက်ဖြစ်စေပြီး ဆန္ဒပြမှု ဖြစ်စေလိုခြင်း ၊ မီဒီယာကျင့်ဝတ်မရှိခြင်းတို့ကြောင့် ထိုသို့တရားစွဲမည်ဖြစ်သည်ဟု လူမှုကွန်ယက်စာမျက်နှာတွင် ထည့်သွင်းရေးသားထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချင်းဝေါလ်သတင်းဌာနမှ ရန်ကုန်တီးတိန်လူမှုရေးအသင်းအတွင်းရေးမှုး ဦးကပ်နို(ဖေ့ဘုတ်အမည်) ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်သော်လည်း အဆက်အသွယ်မရနိုင်ပါ။

ချင်းသူရဲကောင်းဆုချီးမြှင့်မှုကို ကန့်ကွက်ချက်ထုတ်ပြန်ရာတွင်ပါဝင်သည့် Zomi Student & Youth Organization မှ အဖွဲ့ဝင် Ko  Kim Tuang က “မှားပြီးရင်းမှားတဲ့သဘောဖြစ်တယ်။ တုံ့ပြန်မှုကို တကယ်လုပ်ဆောင်လာမယ်ဆိုရင်တော့ ချင်းတစ်မျိုးသားလုံးအဆင့်၊ ချင်းပြည်တစ်ပြည်နယ်လုံးအဆင့်ရဲ့တုံ့ပြန်မှုလုပ်ရမှာဖြစ်တယ်”ဟုပြောသည်။

တီးတိန်(ဇိုမီး)အဖွဲ့အမည်ဖြင့် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အား ချင်းသူရဲကောင်းဘွဲ့ချီးမြှင့်သည့်အပေါ် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်စည်းလုံးရေးကို ထိခိုက်စေနိုင်သည် ဖြစ်ကြောင်း ဇိုမီး/ချင်းလူမျိုးနှင့် အခြားတိုင်းရင်းသားပြည်သူများ အကြားတွင် အလွန်အံ့သြပြီး စိတ်မချမ်းသာ ဖြစ်ရကြောင်း၊ ချင်းကိုကိုယ်စားပြုခြင်းမဟုတ်ကြောင်း ချင်းအရပ်အဖက်လူမှုအဖွဲ့အစည်းပေါင်း (၂၄) ဖွဲ့မှ ဒီဇင်ဘာ (၅) ရက်နေ့တွင်လည်းကောင်း၊ ဗဟိုချင်းလူငယ်အဖွဲ့ချုပ်မှ ဒီဇင်ဘာလ (၈) ရက်နေ့တွင်လည်းကောင်း၊ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းဖိုရမ်မှ ဒီဇင်ဘာလ (၅) ရက်နေ့တွင်လည်းကောင်း၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း) မှလည်းကောင်းထုတ်ပြန်ခဲ့ပြီး ထိုသို့ဂုဏ်ပြုလွှာပေးအပ်မှုသည် ကလေးကစ်သလစ်သာသနာနှင့်သက်ဆိုင်မှုမရှိကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ချင်းပြည်နယ်တီးတိန်(ဇိုမီး)အဖွဲ့မှ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး Rev.Fr. Joseph  Thang Nen Zo Mung ဦးဆောင်သည့်  အဖွဲ့ဝင်များမှ ဒီဇင်ဘာ (၄)ရက်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံပြီး သူရဲကောင်းဘွဲ့ (Gal Hang Pah Tawi Na Award) ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဒီဇင်ဘာလ (၅) ရက်နေ့က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...