ချင်းအမျိုးသားဂုဏ်အင်္ဂါရပ်များမြှင့်တင်ခြင်းဆိုင်ရာဆွေးနွေးပွဲ ကလေးမြို့တွင်ကျင်းပ

ချင်းအမျိုးသားဂုဏ်အင်္ဂါရပ်များမြှင့်တင်ခြင်းဆိုင်ရာဆွေးနွေးပွဲ ကလေးမြို့တွင်ကျင်းပ

ချင်းအမျိုးသားဂုဏ်အင်္ဂါရပ်များမြှင့်တင်ခြင်းနှင့် ချင်းအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်အတွက် ကလေးခရိုင်အတွင်းရှိ ချင်းအဖွဲ့အစည်းများ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက် (၉) နာရီတွင် တောင်ဖီလာရာပြည့်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

ကလေးခရိုင်အတွင်းနေထိုင်ကြသော ချင်းမျိူးနွယ်စုများအသီးသီးအနေဖြင့် ကိုယ့်အမျိုးသားအင်္ဂါရပ်များ ပီပီပြင်ပြင်သိရှိလာစေရန်နှင့် မျိူးနွယ်စုအဖွဲ့အစည်းများအကြား စည်းလုံးမှုအားကောင်းလာပြီး ဖွံ့ဖြိုးတိုးတက်မှုပိုမိုရှိလာစေရန်ရည်ရွယ်ပြီး တွေ့ဆုံပွဲကို ကျင်းပကြခြင်းဖြစ်သည်ဟု ယနေ့တွေ့ဆုံပွဲကို ကမကထပြုကျင်းပသည့် ချင်းမျိူးနွယ်စုများဖွံ့ဖြိုးရေးအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဒယ်နီရယ် ကပြောသည်။

“ချင်းမျိုးနွယ်စုတိုင်းမျိုးနွယ်စုတိုင်း ဖွံ့ဖြိုးမှသာ ချင်းတစ်မျိုးသားလုံး ဖွံ့ဖြိုးတယ်လ့ို ကျွန်တော်တို့ ပြောလို့ရမှာ၊ ချင်းဆိုတာ တစ်ခုတည်းမဟုတ်ဘူး၊ အောက်မှာ အနွယ်စုတွေအများကြီးရှိတယ်၊ အဲဒီအနွယ်စုတွေအားလုံးက ဖွံ့ဖြိုးမှဖြစ်မယ်၊ အဲဒါကြောင့် ဘာအကျိုးရမှာလည်းဆိုတော့ ချင်းတစ်မျိုးသားလုံး ဖွံ့ဖြိုးနိုင်ဖို့ရန်အတွက် မျိုးနွယ်စုများအားလုံး ဖွံ့ဖြိုးမှဖြစ်မယ်၊ ဒါက အဓိကအကျိုးရလဒ်ဖြစ်တယ်” ဟု သူကပြောသည်။

တွေ့ဆုံပွဲတွင် ချင်းမျိုးသားများ၏ အင်္ဂါရပ်ဖြစ်သည့် စာပေ၊ ဘာသာစကားများ၊ ယဉ်ကျေးမှုများ၊ အနုပညာများ ပြန်လည်မြှင့်တင်ရန်နှင့် ဥပဒေအားဖြင့် ကာကွယ်ရန်ဆိုသည့် အကြောင်းအရာများနှင့် အမွေခွဲဝေခြင်းများကို အဓိက ဆွေးနွေးသွားကြသည်ဟု သိရသည်။

ယခုကဲ့သို့ ချင်းမျိူးနွယ်စုများအချင်းချင်း တွေ့ဆုံခြင်းအားဖြင့် အပြန်အလှန် အသိမှတ်ပြု ယုံကြည်နားလည်မှုများ တိုးပွားလာနိုင်ပြီး အားကောင်းသော လူမျိူးတစ်မျိူးဖြစ်လာမည်ဟုယုံကြည်ကြောင်း Khualsim မျိုးနွယ်စုအတွင်းရေးမှူးဖြစ်သည့် ဦးအောင်တလိန်းကပြောသည်။

“ချင်းလူမျိုးကြားထဲမှာ တစ်နွယ်နဲ့ တစ်နွယ်၊ တစ်မြို့နယ်နဲ့တစ်မြို့နယ် နည်းနည်း စိတ်ဝမ်းကွဲတာ၊ အမြင်မကြည်တာလေးတွေ၊ အလုပ်လုပ်တဲ့အခါမှာ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့နေရာမှာ အဲဒါလေးတွေက နည်းနည်းအဟန့်အတား တစ်ခါတစ်လေဖြစ်တာလေးကို ကျွန်တော်ကြုံရပါတယ်၊ ဆိုတော့ ကျွန်တော်တို့ ပူးပေါင်းကြမယ်၊ အတူတူနေကြမယ်၊ ထိုင်ကြမယ်၊ စားကြမယ်၊ အလုပ်လုပ်ကြမယ်၊ နောင်ရေးကို မျှော်မှန်းကြမယ်ဆိုရင် ကောင်းပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ချင်းနွယ်စုယောက်တိုင်း နှလုံးသားထဲမှာ နားလည်မှုရယ်၊ ညီအစ်ကိုတွေလို ချင်းအမျိုးသားတွေဖြစ်ကြပါတယ်ဆိုပြီး နှလုံးသွင်းကြပြီး နောင်တချိန်မှာ အင်အားကောင်းသော လူမျိုးတစ်စုဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟုပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ချင်းမျိူးနွယ်စုအဖွဲ့အစည်းများအသီးသီးမှ ကိုယ်စားလှယ်စုစုပေါင်း (၄၀) ကျော် တက်ရောက်ကြသည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...