ကလေးမြို့နယ်လူဦးရေ၏ သုံးရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ပြီး လူ့အသိုင်းအဝန်းတန်းတူဖွံ့ဖြိုးဖို့ ကူညီရန်လိုအပ်

ကလေးမြို့နယ်လူဦးရေ၏ သုံးရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ပြီး လူ့အသိုင်းအဝန်းတန်းတူဖွံ့ဖြိုးဖို့ ကူညီရန်လိုအပ်

ကလေးမြို့လက်ရှိလူဦးရေဧ။် သုံးရာခိုင်နှိုင်းမှာ မသန်စွမ်းများဖြစ်ကြပြီး၊ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုတွင်မသန်စွမ်းများ တစ်ထောင့်တစ်နေရာမှ ပါဝင်မှသာ တန်းတူဖွံ့ဖြိုးတိုးတက်နိုင်မည်ဟု ဒီဇင်ဘာ ၃ ရက်နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲရေး ဌာနမှလက်ထောက်ညွန်ကြားရေးမှူး ဦးသန်းနွယ် ကပြောသည်။

လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းနွယ်  က “၂၀၁၄ သန်းခေါင်စာရင်းအရ ကလေးမြို့နယ်ရှိလူဦးရေ သုံးသိန်းလေးသောင်း ကျော်ရှိတဲ့ထဲကနေ မသန်စွမ်းလူဦးရေဟာ သုံးသောင်းနီးပါးရှိတယ်လို့ သန်းခေါင်စာရင်းတွေ အရလေ့လာ တွေ့ရှိရပါတယ်။ ဒါကြောင့် မသန်စွမ်းတွေကို များစွာကူညီပေးဖို့ တာဝန်ရှိပါတယ်။ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတတ်မှုမှာလည်း မသန်စွမ်းတွေဘက်ကနေလည်း တစ်ထောင့်တစ်နေရာ ပါဝင်မှလည်း တန်းတူဖွံ့ဖြိုးမှုကို ရရှိမှာဖြစ်ပါတယ်။ မသန်စွမ်း တွေရဲ့ စွမ်းဆောင်နိုင်တဲ့ အပိုင်းကို ဖော်ထုတ်ပေးတဲ့ အပိုင်းမှာအထူး ကူညီပေးကြဖို့ လိုပါတယ်။ ဒါကြောင့်လည်း လူမှုအဖွဲ့စည်းဘက်ကလည်း ကူညီပေးရမှာဖြစ်ပါတယ်။ ကူညီပေးရာတွင်လည်း စော်ကားတဲ့အပြုမှုတွေကို အထူးသတိပြုပေးဖို့ ကျွန်တော် အနေနဲ့ အထူးမေတ္တာရပ်ခံချင်ပါတယ်။ မသန်စွမ်းတွေရဲ့ စွမ်းဆောင်နိုင်တဲ့ အပိုင်းကို ဖော်ထုတ်ပေးတဲ့ အပိုင်းမှာအထူးကူညီ ပေးကြဖို့လိုပါတယ်”ဟုပြောသည်။

မြန်မာနှိုင်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ  မြန်မာနိုင်ငံတွင် လူဦးရေဧ။် (၄.၆ရာခိုင်နှိုင်း) ဖြစ်သည့် (၂.၃)သန်းသည် မသန်စွမ်းများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ ၃၅၆၆၉ ဦးသည် ချင်းပြည်နယ်တွင်ဖြစ်ပြီး ပြည်နယ်လူဦးရေဧ။် (၇.၆)ရာခို်င်နှုန်းနှင့် တစ်နိုင်ငံလုံးတွင် ဒုတိယအများဆုံးဖြစ်သည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...