မင်းတပ်မြို့မရဲစခန်း၌ အချုပ်ကျသူများ အစာငတ်ခံဆန္ဒထုတ်ဖော်

မင်းတပ်မြို့မရဲစခန်း၌ အချုပ်ကျသူများ အစာငတ်ခံဆန္ဒထုတ်ဖော်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင် မင်းတပ်မြို့မရဲစခန်း၌ အချုပ်ကျသူများမှ အချုပ်စည်းကမ်းတင်းကြပ်မှုကြောင့်  ယနေ့မနက်စတင်ပြီး အစာငတ်ခံဆန္ဒဖော်ထုတ်မှုကို စတင်ခဲ့ကြကြောင်းသိရသည်။

အချုပ်ကျသူများနှင့်သွားရောက်တွေ့ဆုံခဲ့သူတစ်ဦးက “ သူတို့ကိုမေးကြည့်တော့ အဓိကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စလည်းပါတယ်။ အရင်ကလို အချုပ်ထဲမှာ ကိုယ့်ရေနဲ့ကိုယ်သောက်ခွင့်မရတာ၊ စုပေါင်းသောက်ရတော့ ရောဂါရှိမရှိလည်း စိုးရိမ်ရတယ်။ သွားတိုက်ချိန်ရောက်မှ တစ်ယောက်တစ်ချောင်းဆိုပြီးပေးတယ်။ သွားတိုက်တံလည်း ဘယ်သူဟာမှန်းလည်းမသိရဘူး။ ဆောင်းရာသီဖြစ်ပြီဆိုတော့ စောင်တွေလည်းလိုအပ်နေကြတယ်။ ပြီးတော့ ဧည့်တွေ့ချိန်နည်းတာတွေဖြစ်တယ်” ဟုပြောသည်။

အချုပ်ကျသူများအနေဖြင့် ထင်သာမြင်သာသည့် အချုပ်သားများလိုက်နာမည့် စည်းကမ်းကပ်ထားပေးလျှင် လိုက်နာရန် အဆင်ပြေသော်လည်း ထိုသို့တိတိကျကျကပ်ထားခြင်းမရှိသလို၊ နှုတ်မိန့်ဖြင့်သာ ပြောဆိုမှုကိုလည်း အချုပ်ကျသူများအတွက် အဆင်ပြေမှုမရှိကြောင်း သူကဆက်ပြောသည်။

“အချုပ်သားတွေအတွက် တိတိကျကျလိုက်နာရမယ့်ဟာမျိုးသူတို့ထင်သာမြင်သာမြင်ပြီး လိုက်နာချင်ကြတယ်။ အခုကအဲသလိုလည်းမရှိဘူး။ ပြီးတော့ အချုပ်ကျသူတွေအတွက် အစားအသောက်လာပေးရင်တောင် အချုပ်သားတွေဆီမှာ မရောက်တာမျိုးရှိတယ်ဆိုပြီးသူတို့ပြောတယ်” ဟုအချုပ်စခန်းသို့သွားပြီး အချုပ်သားများနှင့်တွေ့ဆုံခဲ့သူတစ်ဦးကပြောသည်။

အချုပ်သားများ အချုပ်စခန်းအတွင်းဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး မင်းတပ်ခရိုင်ရဲစခန်း၊ မင်းတပ်မြို့နယ်ရဲစခန်းတို့ကို ဖုန်းဆက်သတင်းမေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိပါ။

ရာသီဥတုအပြောင်းအလဲကြောင့် သိပ်မကြာသေးမီကလည်း မင်းတပ်မြို့မ ရဲစခန်းသို့ အချုပ်ကျသူများ တုတ်ကွေးရောဂါဖြင့် ဖျားနာမှုများရှိခဲ့သည်ဟုသိရသည်။

လက်ရှိအချိန်တွင် မင်းတပ်မြို့မရဲစခန်းတွင် အမှုရင်ဆိုင်နေရသည့် အချုပ်ကျနေသူ ၁၂ ဦးရှိပြီး ဧည့်တွေ့ချိန်အဖြစ် မနက်ကိုးနာရီ မှ ဆယ်နှစ်နာရီ၊ ညနေ နှစ်နာရီမှ လေးနာရီအထိဖြစ်ကာ အစိုးရရုံးပိတ်ရက်များတွင် သွားရောက်တွေ့ဆုံနိုင်ခွင့်မရှိကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...