ချင်းလူငယ်အဖွဲ့ ( မတူပီ) ညီလာခံ နှစ်ရက်တာ ကျင်းပမည်

ချင်းလူငယ်အဖွဲ့ ( မတူပီ) ညီလာခံ နှစ်ရက်တာ ကျင်းပမည်

ပထမဦးဆုံးအကြိမ် ချင်းလူငယ်ညီလာခံ(မတူပီ)ကို နိုဝင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် မတူပီခရိုင် ဘုံတလာခန်းမတွင်စတင်ကျင်းပသွားမည်ဖြစ်သည်။

ချင်းလူငယ်အဖွဲ့(မတူပီ) ဥက္ကဌ အန်နိုဘိခ်က “ မတူပီမြို့ပေါ်ကကော၊ ကျေးရွာကကော ကိုယ်စားလှယ်အသီးသီးဖိတ်ခေါ်မယ်။ ချင်းလူငယ်အဖွဲ့(မတူပီ) ရဲ့ဖွဲ့စည်းပုံကိုပြန်သုံးသပ်ကြမယ်။ ဒေသအတွင်း လူငယ်တွေရဲ့စိန်ခေါ်မှုတွေ၊ လူငယ်အနာဂါတ်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမှာဖြစ်တယ်” ဟုပြောသည်။

အဆိုပါ ချင်းလူငယ်အဖွဲ့ (မတူပီ) မတူပီမြို့ပေါ်ရှိ ငလားရပ်ကွက်၊ လောင်ဗန်းရပ်ကွက်၊ ခိုဘွေရပ်ကွက်၊ စန်ဘောင်ရပ်ကွက်လေးခုကိုအခြေခံပြီး အဖွဲ့အစည်းဦးဆောင်မည့် ခေါင်းဆောင်များကိုလည်း ပြန်လည်ရွေးချယ်သွားမည်ဖြစ်သည်။

ချင်းလူငယ်အဖွဲ့(မတူပီ) သည် ချင်းပြည်နယ်နှင့်ပြည်နယ်ပြင်ပ မြို့နယ်အသီးသီးမှလူငယ်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် Central Chin Youth Organization ၏အဖွဲ့ဝင်ဖြစ်သကဲ့သို့ ဒေသအတွင်း လူငယ်နှင့်ပတ်သက်သည့် ပြသနာများဖြေရှင်းခြင်း၊ ဒေသအတွင်း တရားမဝင်သစ်ထုတ်လုပ်မှုကို အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်း တားစီးခြင်း များကို အဓိကဆောင်ရွက်နေသည့် လူငယ်အဖွဲ့ဖြစ်သည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...