ချင်းပြည်နယ်တိုးတက်ရန်အတွက် စက်မှုတော်လှန်ရေးလုပ်ပြီး မြို့တိုင်းတွင် စက်မှုဇုံဖော်ဆောင်နိုင်ရန်လိုအပ်ဟု ချင်းစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ ရွှေဟိန်းမှပြော

ချင်းပြည်နယ်တိုးတက်ရန်အတွက် စက်မှုတော်လှန်ရေးလုပ်ပြီး မြို့တိုင်းတွင် စက်မှုဇုံဖော်ဆောင်နိုင်ရန်လိုအပ်ဟု ချင်းစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ ရွှေဟိန်းမှပြော

ချင်းပြည်နယ်တိုးတက်နိုင်ရန်အတွက် စက်မှုတော်လှန်ရေးလုပ်ပြီး မြို့တိုင်းတွင် စက်မှုဇုံဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ချင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာရွှေဟိန်းမှပြောသည်။

“ချင်းပြည်နယ်တိုးတက်ဖို့ဆိုရင် စက်မှုတော်လှန်ရေးကို မလုပ်နိုင်ရင်တိုးတက်နိုင်မှာမဟုတ်ဘူး၊ မြို့တိုင်းမှာ လူတွေပါ နေထိုင်နိုင်တဲ့ စီးပွားရေးဇုံတွေဖော်ဆောင်ပေးသင့်တယ်၊ အထူးစီးပွားရေးဇုံတွေတော့ ဖော်ဆောင်ဖို့ခက်နိုင်တာကြောင့် Export Process Zone လိုမျိုး၊ Free Trad Zone စသဖြင့် ဖော်ဆောင်ပေးဖို့လိုတယ်။ ဥပမာ ချင်းပြည်နယ် နယ်စပ်မြို့တွေလိုမျိုးမှာ Economic Zone လုပ်၊ ပြီးတော့ တမူးမြို့နယ် အိန္ဒိယနယ်စပ်က နန်းဖာလုံဈေးလိုမျိုးလုပ်သင့်တယ်။ စက်မှုဇုံကိုတော့ အစိုးရက သတ်မှတ်ပြီး အဲဒီနေရာကို လုပ်ကိုင်နိုင်တဲ့ သူတွေကိုလုပ်ကိုင်ခွင့်ပေးသင့်တယ်။ အဲဒါဆိုရင် ဝဥစက်ရုံလည်းလုပ်နိုင်မယ်။ စပျစ်စိုက်တဲ့သူက ဝိုင်ချက်တဲ့စက်ရုံ၊ သို့မဟုတ် အချိုရည်အဆင့်တွေထုတ်နိုင်မယ်” ဟုပြောသည်။

ချင်းပြည်နယ်၏ GDP သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်းပေါင်း သုံးသိန်းငါးသောင်းကျော်ရှိပြီး၊ တစ်ဦးချင်းဝင်ငွေအရ တစ်ဦးကို ဒေါ်လာ ၄၀၇ ခန့်ရှိသော်လည်း၊ တစ်ပြည်နယ်လုံးဝင်ငွေ၏ ၇၅ရာခိုင်နှုန်းမှာ အစိုးရစီမံကိန်းများမှ ဝင်သောဝင်ငွေများသာဖြစ်ပြီး အမှန်တစ်ကယ်ဝင်သည့် ဝင်ငွေကိုတွက်ပါက လူတစ်ဦး၏ဝင်ငွေမှာ တစ်ရက်တွင် တစ်ထောင်ပင် မပြည့်ကြောင်းသူကထောက်ပြသည်။

ဒေါက်တာရွှေဟိန်းမှ ဆက်ပြီး “ချင်းပြည်နယ်က ဒီတိုင်းကြည့်ရင်တော့ ကျယ်ပေမယ့် မြေဧရိယာရဲ့ ၃၅ရာခိုင်နှုန်းက သစ်တောဧရိယာအဖြစ်သတ်မှတ်ထားတယ်၊ သစ်တောဧရိယာကအရမ်းကျယ်နေပေမယ့် သစ်တောကနေဝင်တဲ့ ဝင်ငွေက တစ်နှစ်ကို သန်းပေါင်း ၁၅၀၀ လောက်ဘဲရှိတယ်၊ သူ့ဆီကနေရတဲ့ ပမာဏနှင့် အကျယ်အဝန်းက မမျှဘူးဖြစ်နေတယ်၊ အဲဒါကြောင့် သစ်တော ဧရိယာတွေကို မနှမြောဘဲနဲ့ စက်မှုဇုံနေရာတွေအဖြစ်ဖန်တီးပေးသင့်တယ်၊ အရေးကြီးတာကတော့ မြို့တိုင်းမှာ မြေနေရာတွေသတ်မှတ်ပေးပြီးတော့ သူတို့နဲ့သက်ဆိုင်တဲ့ စက်မှုလက်မှု လုပ်ငန်းတွေဖြစ်ဖြစ်၊ ဂျက်ခုတ်လုပ်ငန်းတွေဖြစ်ဖြစ်လုပ်နိုင်အောင်ပေါ့၊ အစိုးရအနေနဲ့ ဘတ်ဂျက်တွေကို လမ်းလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အဦးတွေမှာဘဲ မသုံးဘဲနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေလုပ်နိုင်အောင် အစိုးရက မြေနေရာနှင့် SME ချေးငွေတွေ သေချာလုပ်ပေးနိုင်ရင်တော့ အသေးစားကနေ အလတ်စားလုပ်ငန်းတွေ၊ နောက်ပြီး အကြီးစားစက်မှုရုံတွေအထိ တိုးတက်နိုင်မယ်လို့ထင်တယ်”ဟု ပြောသည်။

ချင်းပြည်နယ်တွင် ယခုအချိန်ထိ စက်မှုဇုံတစ်ခုမှမရှိဘဲ ပြည်နယ်အစိုးရမှ အကောင်အထည်ဖော်ရန်စီစဉ်နေသည့် ဘုံဇုန်းဘိလပ်မြေစက်ရုံ စီမံကိန်းမှာ ချင်းပြည်နယ်၏ ပထမဆုံး စက်ရုံစီမံကိန်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...