ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ NLD နှင့် CLD ပါတီအနိုင်ရ

ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ NLD နှင့် CLD ပါတီအနိုင်ရ

နိုဝင်ဘာလ (၃) ရက်နေ့က ကျင်းပသည့် ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) တို့ အနိုင်ရရှိခဲ့ကြသည်။

ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲကို ကန်ပက်လက်မြို့နယ် နှင့် မတူပီမြိ့နယ်တို့တွင် ကျင်းပခဲ့ကြပြီး ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် (NLD) လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကန်ပက်လက်မြို့နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)၊ ချင်းအမျိူးသားဒီိမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ(CPP) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

(NLD) ကိုယ်စားလှယ် ဦးညွန့်ဝင်းမှ ဆန္ဒမဲလက်မှတ်စုစုပေါင်း (၃၀၈၃)၊ (USDP) ကိုယ်စားလှယ် ဦးမနားနိုင်းမှ ဆန္ဒမဲလက်မှတ်စုစုပေါင်း (၂၅၂၇)၊ (CNDP) ကိုယ်စားလှယ် ဦးကီးထန်းလွန်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း ( ၂၄၄၅) နှင့် (CPP) ကိုယ်စားလှယ် ဦးမနားရှင်းမှ ဆန္ဒမဲလက်မှတ် စုစုပေါင်း (၂၄၂) အသီးသီးရရှိကြသည်ဟု သိရသည်။

မတူပီမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ်(CLD) တို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး (CLD) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်က အနိုင်ရရှိခဲ့သည်။

ဦးအောင်လျန်က “ကျွန်တော့်ကို မဲပေးကြတဲ့ မတူပီ ပြည်သူလူထုအပေါ်မှာ အထူးပဲ ကျေးဇူးတင်ရှိပါတယ်၊ ပထမဦးဆုံးအနေနဲ့ ကျွန်တော် လူထုတွေ့ဆုံမှုတွေလုပ်ပါတယ်၊ နောက်တစ်ခုက ကျေးလက်ဒေသတွေမှာ အဆောက်အ ဦးဖြစ်ဖြစ်၊ မြို့ပေါ်မှာ အကောင်အထည်ဖော်ဆောင်နေတဲ့ စည်ပင်လုပ်ငန်းတွေဖြစ်ဖြစ် အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို ကျနော်အတတ်နိုင်ဆုံး ကြပ်မတ်သွားမှာပါ’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ဦးအောင်လျန်သည် ဆန္ဒမဲလက်မှတ် စုစုပေါင်း (၅၉၆၄) ရရှိပြီး (NLD) ကိုယ်စားလှယ် ဦးအောင်ထန်းသည် ဆန္ဒမဲလက်မှတ်စုစုပေါင်း (၅၀၂၆) အသီးသီးရရှိခဲ့သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...