အဆိုပါ အစီအစဉ်ကို Lai Christian Fellowship ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၁၀ နှစ်တာ လှုပ်ရှားမှု မှတ်တမ်းစာအုပ်ကိုပါ ဖြန့်ဝေခဲ့ ကြသည်။
“ဒီစာအုပ်ဟာ ၂၀၀၇ ခုနှစ်ကနေ ယနေ့အထိ လုပ်ဆောင်ခဲ့သည့် မှတ်တမ်းတစ်ခု ဆိုပေ မဲ့မြန်မာနိုင်ငံအတွက် အရေးပါ၊ သမိုင်းဝင် စာအုပ်တစ်ခု ဖြစ်တယ်” ဟု ဖြန့်ဝေသူ Rev. Dr.Robert Vanlalruata က ပြောပါသည်။
၎င်းအပြင် ၁၀ နှစ်တာလုံးလုံး ပါဝင်ဦးဆောင်ခဲ့သော ပါစတာ၊ အမှုတော်ဆောင် ၆ ဦးကိုပါ ဂုတ်ပြုချီးမြှင့်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ဘာသာရေး ဂိုဏ်းပေါင်းစုံမှ လူဦးရေ ရ၀ ကျော် တက်ရောက်ခဲ့သည်။
မြန်မာ့နိုင်ငံရေးအခြေအနေသည် လက်ရှိအခြေအနေတွင် အကောင်းဆုံးမဖြစ်သည့်တိုင် ကောင်းမွန်သည့်အခြေအနေသို့ ရောက်ရှိနိုင်ခြင်းသည် ယုံကြည်သူသားသမီးများ၏ ဆုတောင်း သံကို ဘုရားရှင်နားညောင်းအဖြေပေးခြင်းဖြစ်ကြောင်း၊ အစာရှောင် ဆုတောင်းခြင်း ကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဟု လက်ရှိ ဥက္ကဋ္ဌ အသင်းလူကြီး Dr.Kilkhara က ပြောဆိုသည်။
အဆိုပါ မြန်မာပြည်အတွက် အစာရှောင်ဆုတောင်းခြင်းကို ၂၀၀၇ အောက်တိုဘာ ၂၂ ရက်နေ့တွင် Lai Christian Fellowship, Bethany Baptist Church, Shalom AG Church, El-Shaddai AG Church, Carson Baptist Church, Gospel Baptist Church, Immanuel LIKBK, Kawl Christian Fellowship, Zanniat Christian Fellowship, Revival Baptist Church, Bethel Baptist Church စသည့် အသင်တော် (၁၁) ခုဖြင့် ဖွဲ့စည်းခဲ့ကြသည်။







