မင်းတပ်မြို့လူမှုအဖွဲ့အစည်းများမှ မင်းတပ်မြို့နယ်ဥပဒေအရာရှိ၊ တရားသူကြီးနှင့်ခရိုင်ရဲမှုးတို့ လာဘ်စားသည်ဟုဆိုကာ တိုင်ကြားမည်

မင်းတပ်မြို့လူမှုအဖွဲ့အစည်းများမှ မင်းတပ်မြို့နယ်ဥပဒေအရာရှိ၊ တရားသူကြီးနှင့်ခရိုင်ရဲမှုးတို့ လာဘ်စားသည်ဟုဆိုကာ တိုင်ကြားမည်

မင်းတပ်မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်တရားသူကြီးနှင့်ခရိုင်ရဲမှုးတို့သုံးဦးအား အမှုသည်များထံမှ လာဘ်စားသည်ဟုဆိုကာ ပြည်ထောင်စုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားရန် မင်းတပ်မြို့နယ် အရပ်ဖက်အဖွဲ့အစည်းများမှ ပြင်ဆင် လျက် ရှိကြောင်း ဆလိုင်းမာန်အွမ်ကပြောသည်။

၂၀၁၇ ခုနှစ်အတွင်းက မင်းတပ်မြို့ပြည်သူ့ဆေးရုံအနီးတွင် ဦးအွမ်လိန်းငိုင်းနှင့် မောင်ထန်းကီးဟုန်းတို့ ဆိုင်ကယ်ဖြင့် ယဉ်တိုက်မှုဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကြောင့် တရားရုံးတွင်ရင်ဆိုင်သည့်ကာလနှင့် ကြေအေးသည့်ငွေပမာဏသည် သိန်းတစ်ရာဝန်းကျင်ကုန်ကျပြီဖြစ်ဖြစ်ပြီး အမှုမှာလည်း ဆက်လက်ရင်ဆိုင်ရဆဲဖြစ်သည်ဟု Third Eye အဖွဲ့မှ ညှိနှိုင်းရေးမှုး ဆလိုင်းမာန်အွမ်ကပြောသည်။

ဆလိုင်းမာန်အွမ်က “ အဓိကတော့ ဒီကိစ္စက နစ်နာသူဖက်ကနေ လာဘ်ပေးလာဘ်ယူမှုတွေ ဒီလိုဖြစ်နေတယ်ဆိုပြီး လူမှုအဖွဲ့အစည်းတွေကို အကူအညီလာတောင်းတာပေါ့။ သူ့သဘောဆန္ဒကိုကျွန်တော်တို့မေးတော့လည်း သူကအမှန်ကိုအမှန်တိုင်းဖြစ်စေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ကဝိုင်းပြီးဖော်ပေးတာပေါ့” ဟုပြောသည်။

သူကဆက်ပြီး “ ငွေလုံးငွေရင်းလည်းများတယ်။ စာရင်းဖော်လို့မရတဲ့ ပမာဏကလည်း ၁၂ သိန်းလောက်ရှိတယ်။ အခင်းဖြစ်တဲ့သူကို ကြေအေးတာလည်း သိန်း ၂၀ လောက်ရှိတယ်။ တရားရုံးဖက်မှာကျတော့  သိန်း ၇၀ ကျော်လောက်ကုန်တယ်ဆိုတော့ စုစုပေါင်း ကြေအေး တာနဲ့ဆိုရင် သိန်း တစ်ရာဝန်းကျင်လောက်ကုန်တဲ့သဘောဖြစ်နေတယ်။ ဒါပေမယ့် အခုထိ အမှုကလည်း မပြတ်သေးဘူး” ဟုပြောသည်။

ပြည်ထောင်စုအဂတိတိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့တိုင်ကြားမည့်စာတွင် ဦးအွမ် လိန်းငိုင်းနှင့်မောင်းထန်းကီးတို့အမှုနှင့်ပတ်သက်ပြီး မြို့နယ်တရားသူကြီး ဦးထွန်းထွန်းနိုင်မှ ၂ သိန်း၊ မြို့နယ်ဥပဒေအရာရှိဦးအောင်စိုးသိန်းမှ ၂ သိန်းတောင်းယူပြီး၊ အချုပ်ကျနေစဉ်အတွင်း ခရိုင်ရဲမှုးနှင့်ရဲဌာနမှ ခွဲဝေယူရန် ၃၄၀၀၀၀၀ တောင်းခံခဲ့ပြီး မြို့နယ်ဥပဒေအရာရှိဦးအောင်စိုးသိန်းမှ ၂၅၀၀၀၀၀ အားထံမံတောင်း ခဲ့သည်ဟု ပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက်အရေးယူပေးရန် နစ်နာသူနှင့် မင်းတပ်လူမှုအဖွဲ့အစည်းများအနေဖြင့် တိုင်ကြားရန်ဆောင်ရွက်လျက်ရှိသည်။

၂၀၁၇ ခုနှစ်က ဆိုင်ကယ်တိုက်မှုနှင့်စပ်လျဉ်းပြီး မောင်းထန်းကီးဟုန်းမှ ပြစ်မှုကြီးအမှတ် ၁၆၁/၂၀၁၇၊ ပြစ်မှုပုဒ်မ ၂၇၉/၂၇၉/ အရ ဦးအွမ်လိန်းငိုင်းကို တရားစွဲဆိုခဲ့ပြီး ဦးအွမ်လိန်းငိုင်းမှ မောင်ထန်းကီးဟုန်းအား ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၇၉/အရ အပြန်အလှန်တရား စွဲဆိုမှုများဖြစ်ပေါ်ခဲ့သည်း ယင်းပြစ်မှုကြီးအမှတ် ၁၆၁/၂၀၁၇၊ ပြစ်မှုပုဒ်မ၂၇၉/၃၇၉ အရ ဦးအွမ်လိန်းငိုင်းသည် ၈.၆.၂၀၁၇ ခုနှစ်တွင် အချုပ်ကျထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...