တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် ကျင်းပမည်

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် ကျင်းပမည်

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိူးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို လာမည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ပြီး ယင်းအတွက် အကြိုအစည်းအဝေးတရပ်ကို ရန်ကုန်မြို့၊ ကုန်သည်ကြီးများအသင်း (မင်္ဂလာခန်းမ) ၌ နိုဝင်ဘာလ (၄) ရက်နေ့တွင် ကျင်းပမည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိူးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

နိုဝင်ဘာလ (၄) ရက်နေ့တွင် ပြုလုပ်မည့် အကြိုအစည်းအဝေးအခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်တို့အပါအဝင် တတ်သိပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါအကြိုအစည်းအဝေးပွဲတွင် တိုင်းရင်းမီဒီယာအဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားပြီး မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် ဆွေးနွေးမှုများပြုလုပ်ကြမည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...