သြစတေးလျနိုင်ငံရောက် စည်ပင်ညွှန်မှူးဟောင်း ဦးထလာဟရဲမှ ချင်းပြည်နယ်အစိုးရ၏ လစ်ဟာချက်များဝေဖန်

သြစတေးလျနိုင်ငံရောက် စည်ပင်ညွှန်မှူးဟောင်း ဦးထလာဟရဲမှ ချင်းပြည်နယ်အစိုးရ၏ လစ်ဟာချက်များဝေဖန်

သြစတေးလျနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးဟောင်း ဦးထလာဟရဲမှ Perth မြို့ရှိ WACCC ဘုရားကျောင်းတွင် မိန်းခွန်းပြောစဉ် ချင်းပြည်နယ်အစိုးရ၏လုပ်ငန်း လစ်ဟာချက်များကို ဝေဖန်လိုက်သည်။

အဆိုပါမိန့်ခွန်းထဲတွင် “ဖလမ်းရေပေးဝေရေးစီမံကိန်းဟာ သုံးနှစ်ကြာပြီဖြစ်ပေမယ့် ခုထိမပြီးသေးပါဘူး၊ ချင်းပြည်နယ်ကထွက်တဲ့ ကျွန်းသစ်တွေကို ခိုးလာခံရတာ နှစ်နှစ်ဆယ်ရှိပြီဖြစ်ပါတယ်၊ တန်ဖိုးအားဖြင့်တွက်ရင် အရမ်းများပါတယ်၊ ခုနှစ်နှစ်တိုင်တိုင် လမ်းပြင်ဖို့ ကျပ်ဘီလီယမ်နှင့်ချီပြီး သုံးနေပေမယ့် လမ်းပြင်တိုင််းမိုးရာသီရောက်ရင် ပြန်ပြန်ပျက်သွားပါတယ်၊ ချင်းပြည်နယ်မှာ လုပ်နေတဲ့ နေ့စားအလုပ်သမားအများစုဟာ ပြည်မဘက်ကလာတာများတယ်၊ ချင်းလူမျိုးထဲက မလုပ်ချင်ကြဘူး၊ စီမံကိန်းကြီးတွေက ပိုက်ဆံတွေဟာ ပြည်မဘက်ကို ပြန်ရောက်သွားသလိုဖြစ်နေတယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းနယ်စပ်မှာ ဆိုင်းဘုတ်တင်ဖို့လုပ်ထားပေမယ့် အစိုးရက ရပ်ခိုင်းလိုက်တာကြောင့် မပြီးနိုင်ဘူး” စသည့်အချက်များ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် “ဟားခါးမှာ ကြုံတွေ့ခဲ့တဲ့ မြေပြိုဘေးဖြစ်ရခြင်းအကြောင်းတွေထဲမှာ စီမံကိန်းအတိုင်းမဟုတ်ဘဲ စိတ်ကြိုက်နေရာမှာ အိမ်ဆောက်ကြတာလည်း ပါဝင်ပါတယ်၊ ဟားခါးမြို့ဟာ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တာကြောင့် နေရာဒေသမျိုးစုံကနေ ပြောင်းလာကြတယ်၊ မြို့ကွက်သစ်တိုးချဲ့ပြီးတော့ မြေကွက်တွေ ဖော်ထုတ်လို့ရပေမယ့်၊ အိမ်ကြားလမ်းကြားတွေမှာ ကန့်သတ်ပြီးတော့ အိမ်ဆောက်ကြတယ်၊ ဒီလိုမျိုးအကြောင်းအရာကို ဖြေရှင်းနိုင်တဲ့ အစိုးရဘက်အကြီးအကဲ ချင်းလူမျိုးထဲမှာမရှိဘူး”ဟု မိန့်ခွန်းထဲတွင် ထည့်သွင်းပြောခဲ့သည်။

ဦးထလာဟရဲသည် ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး အိုက်ဇက်ခင် ရာထူးမှ အနားယူပြီးနောက် မရှေးမနှောင်းတွင်ပင် သက်ပြည့်ပင်စင်မဟုတ်ဘဲ ၄င်း၏သဘောအရ မကြာခင်က အနားခဲဲ့သူဖြစ်သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...