ထွေအုပ်မှ သဘာဝဘေးသင့်ကူညီကယ်ဆယ်ရေးရန်ပုံငွေ မည်သို့ထိန်းသိမ်းထားသည်ကို အစိုးရအဖွဲ့မှ ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန် CCERR တောင်းဆို

ထွေအုပ်မှ သဘာဝဘေးသင့်ကူညီကယ်ဆယ်ရေးရန်ပုံငွေ မည်သို့ထိန်းသိမ်းထားသည်ကို အစိုးရအဖွဲ့မှ ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန် CCERR တောင်းဆို
(photo;The Chinland Post)
(photo;The Chinland Post)

၂၀၁၅ မှစပြီးရရှိသည့် သဘာဝဘေးသင့်ကူညီကယ်ဆယ်ရေးရန်ပုံငွေအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မည်သို့ထိန်းသိမ်းထားသည်ကို အများပြည်သူများသိစေရန် ချင်းပြည်နယ်အစိုးရမှ ပွင့်လင်းမြင်သာမှုရှိစွာထုတ်ပြန်ပေးရန် ပြည်သူအကျိုးပြုပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ( CCERR) ကယမန်နေ့က သဘောထားထုတ်ပြန်လိုက်သည်။

CCERR Data Admin and Hotline Manager ဖြစ်သည့် ဖိလစ်နွန်အုပ်ထန်က “ သဘာဝဘေးအတွက်ထောက်ပ့ံမယ့်ပစ္စည်းကို ဘာလို့အစိုးရက လွှင့်ပစ်ရသလဲ။ စီမံခန့်ခွဲမှုလုပ်တဲ့ပုံစံကဘယ်လိုလုပ်နေသလဲဆိုတာကို လူထုတွေသိရှိအောင်ချပြဖို့၊ ကယ်ဆယ်ရေးရန်ပုံငွေ သိန်းခြောက်ထောင်ရှိသေးတယ်။ အဲဒါကို ထွေအုပ်ကကိုင်ထားတယ်လို့ပဲသိကြရတယ်။ အဲဒါကို ဘယ်မှာဘယ်လိုထားသလဲဆိုတာကို ပွင့်လင်းမြင်သာစွာလူထုကိုချပြစေချင်တယ်။ နောက်တစ်ခုက သဘာဝဘေးအတွက် အလှူပစ္စည်းတွေကို အစိုးရကနေ လွှင့်ပစ်တာမျိုးကို လွှတ်တော်ကမသိဘူး။ လွှတ်တော်က အစိုးရကိုထိန်းကျောင်းရမယ့်တာဝန်ရှိတယ်။ ဒါကိုလည်း လွတ်လပ်စွာထိန်းကျောင်းမှုလုပ်စေချင်တာဖြစ်တယ်” ဟုပြောသည်။

CCERR မှ သဘာဝဘေးသင့် အလှူရှင်များအားလုံးသည် မိမိတို့လှူဒါန်းထားသည့်ရန်ပုံငွေ၊ ပစ္စည်းများဖြင့် အလှူလက်ခံရရှိသူ(သို့) လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့စည်းများမှ လူသားချင်းစာနာထောက်ထားမှု အရည်အသွေးနှင့်စံချိန်စံညွှန်းများကို လက်တွေ့လိုက်နာရန် အားပေးဖို့လိုကြောင်း ထောက်ပြထားသည်။

ထိုကဲ့သို့ လွတ်လပ်စွာထောက်ပြဝေဖန်ခြင်းနှင့် အချိန်မီအရေးတယူပြုပြင်ခြင်းသည် မိမိတို့နိုင်ငံရေးပါတီ၏ အားနည်းချက်ကို ဖော်ပြခြင်းမဟုတ်ပဲ အားသာချက်ကို ပြသသက်သေထူခြင်းသာဖြစ်ကြောင်း ကြေညာချက်တွင်ထည့်သွင်းရေးသားထားသည်။

သဘာဝဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ လေလွင့်မှုဖြစ်ပွားရခြင်း၊ အစိုးရမှ ကားခြောက်စီးဖြင့် သွားရောက်လွှင့်ပစ်ခြင်းနှင့်ပတ်သက်ပြီး ချင်းဝေါလ်သတင်းဌာနမှ လူမှုရေးဝန်ကြီးကိုမေးမြန်းခဲ့ရာ သက်တမ်းကုန်သည့်စားကုန်များ၊ ပျက်စီးသည့်အထည်များကို လွှင့်ပစ်ခြင်းဖြစ်ကြောင်း၊ ဆန်များကိုလည်း ပြန်လှယ်ရောင်းကာ နောက်နှစ်များအတွက် ဆန်ကိုလည်း ပြန်စုမည်ဖြစ်ကြောင်း၊ ပစ္စည်းလှောင်ရုံကိုလည်း အသစ်တည်ဆောက်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ဟားခါးမြို့စုပေါင်းရုံးဘေးနားရှိ  သဘာဝဘေးသင့်ပြည်သူများအတွက်အလှူဆန်များထားရာလည်း ယခုနှစ်အတွင်ပြိုကျမှုဖြစ်ပွားခဲ့သေးသည်။ ထို့ကြောင့် ဆန်အိတ်ရေပေါင်း ရာဂဏန်းနီးပါးလည်း ရေဝင် ပျက်စီးခဲ့သည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...