ဇိန်မှုတောင်အရေး ဆန္ဒဖော်ထုတ်မည့် အစီအစဉ် ရက်ရွှေ့ဆိုင်း

ဇိန်မှုတောင်အရေး ဆန္ဒဖော်ထုတ်မည့် အစီအစဉ် ရက်ရွှေ့ဆိုင်း

ချင်းပြည်နယ်၊ ဟားခါး၊ ဖလမ်းနှင့် ထန်တလန်မြို့နယ်နိမိတ်အတွင်းရှိ ဇိန်မှုတောင်ကို ချင်းပြည်နယ်အစိုးရမှ အမျိုးသားဥယျဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် Lai tili ရေကန်ကာမှုကို လူထုကိုအသိမပေးဘဲ ဆောင်ရွက်နေမှုအား ကန့်ကွက်သည့်အနေဖြင့် ယနေ့ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ချွန်ကျူံးရွာသားများက ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ကြသော်လည်း သက်ဆိုင်ရာအာဏာပိုင်များ၏ တောင်းဆိုမှုကြောင့်  ရက်ရွေ့ဆိုင်းလိုက်သည်ဟု သိရသည်။

ချွန်ကျူံးရွာမှ ဒေသခံရွာလူကြီးတစ်ဦးက “ကျနော်တို့ကို ထွေအုပ်ကနေခေါ်ပါတယ်၊ လာမယ့် နိုဝင်ဘာလ (၃) ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုင်းမှာ နည်းနည်းအလုပ်ရှုတ်ကြမှာဆိုတော့ ဒါကြောင့် လောလောဆယ်တော့ ဆန္ဒမပြကြဖို့ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှသာ ဆန္ဒပြဖို့ဆိုပြီး ကျနော်တို့ကို ပြောပါတယ်၊ ဒါကြောင့် ကျနော်တို့ကလည်း ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းကျမှ ဆန္ဒပြဖို့ သဘောဘူလိုက်တာဖြစ်တယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ချွန်ကျူံးရွာသားများသည် ယနေ့ညနေပိုင်းတွင် အစည်းအဝေးပြန်ထိုင်ပြီး ဆန္ဒဖော်ထုတ်မည့်နေ့ရက်ကို ထပ်မံ သတ်မှတ်သွားမည်ဟု ၎င်းကပြောသည်။

အဆိုပါဒေသတွင် ချွန်ကျူံူးရွာသားများသည် ဘိုးဘွားစဉ်ဆက်ကတည်းက တောင်ယာလုပ်ငန်း၊ ရွေ့ပြောင်းတောင်ယာလုပ်ငန်းများ လုပ်ကိုင်လာခဲ့ကြသည့်နေရာဖြစ်သည့်ပြင် တီအိုချောင်းမြစ်ဖျားခံရာ Laitili ရေအိုင်ငယ်တစ်ခုလည်းရှိပြီး ဘိုးဘွားခေတ်ကတည်းက တန်းဖိုးထားသည့်နေရာဖြစ်သည်ဟု သိရသည်။

ထို့အပြင် ချွန်ကျူံးရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များ အဓိကကျက်စားရာ စားကျက်နယ်မြေတစ်ခုလည်း ဖြစ်သည်ဟု သိရသည်။

ဇိန်မှုတောင်သည် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဖလမ်းမြို့နယ် ဧရိယာတို့တွင်ရှိပြီး ပင်လယ်ရေပြင်အမြင့်ပေ (၈၄၁၄)၊ ဟားခါးမြို့နယ်အတွင်း (၇၇၅၆) ဧက၊ ထန်တလန်မြို့နယ်အတွင်း ဧက (၄၀၀၀) ကျော်နှင့် ဖလမ်းမြို့နယ်အတွင်း ဧက (၆၀၀၀) ကျော် စုစုပေါင်း (၁၉၉၃၇) ဧက ကျယ်ဝန်းသည့် အမျိုးသားဥယျဉ်အဖြစ်သတ်မှတ်ရန် အစိုးရမှ ဆောင်ရွက်လာခြင်းဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...