ခွါဒိုပွဲတော် တီးတိန်မြို့တွင် ကျင်းပပြုမည်

ခွါဒိုပွဲတော် တီးတိန်မြို့တွင် ကျင်းပပြုမည်

ချင်းရိုးရာခွါဒိုပွဲတော်ကြီးကို တီးတိန်မြို့၊ ကမ်းဟောက်ခန်းမတွင် ယခုလ (၂၃-၂၄) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဟုသိရသည်။

နှစ်ရက်တာကျင်းပမည့် ခွါဒိုပွဲတော်ကြီးတွင် ပျားအုံသယ်ဆောင်ခြင်း၊ မီးထွန်းခြင်း၊ ရိုးရာဝတ်စုံ/အကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ခေတ်ပေါ်တေးဂီတများဖြင့်ဖျော်ဖြေခြင်း၊ ရိုးရာဝတ်စားဆင်ယင်မှုများပြသခြင်း၊ ရိုးရာအသုံးအဆောင်များပြသခြင်းနှင့် Model Show ပြိုင်ပွဲများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ချင်းသမိုင်းသုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ ခွါဒိုပွဲတော်ကို ကျိမ်နွဲ့ရွာသူကြီး ပူတွကြောင်ခေတ် အေဒီ (၁၄၀၀) ပတ်ဝန်းကျင်တွင် စတင်ကျင်းပသည်ဟု ခန့်မှန်းမှုများရှိခဲ့ရာ ရက်အတိအကျမသိရပေမယ့် ခန့်မှန်ချက်များအရ နှစ်ပေါင်း (၆၀၀) ကျော်ရှိခဲ့သည်ဟု သိရှိရသည်။

ခွါဒိုပွဲတော်၏ အဓိပ္ပာယ်မှာ ချင်းစကားဖြစ်သည့် Khua နှင့် Do နှစ်လုံးပေါင်းထားခြင်းဖြစ်ပြီး ခွါ ဆိုသည်မှာ Khuazing = နတ်၊ မကောင်းဆိုးဝါး၊ Khuavak = ဘုရားဖြစ်ပြီး ဒို ဆိုသည်မှာ နှင်ထုတ်၊ တိုက်ခိုက်၊ ကြိုဆို၊ ဧည့်ခံ ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။

ခွါဒိုပွဲတော်ကို ရိုးရာနှစ်ကူးပွဲ သို့မဟုတ် ကောက်ရိတ်သိမ်းပွဲ၊ သို့မဟုတ် မကောင်းဆိုးဝါး နှင်ထုတ်ပြီး ကံကောင်းခြင်းနှင့် မင်္ဂလာရှိမှုအား ကြိုဆိုခြင်းပွဲတော်ဟုလည်း အနက်အဓိပ္ပာယ် ဖွင့်ဆိုကြသည်။

ခွါဒိုပွဲတော်ကျင်းပသည့်ရက်မှာ တိကျသည့် သတ်မှတ်ချက် မရှိပေ။ ကျေးရွာဒေသအလိုက် တောင်ယာသီးနှံ ရိတ်သိမ်း ပြီးခြင်းအပေါ် အမှီပြု၍ ကျေးရွာခေါင်းဆောင်များနှင့် တိုင်ပင်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလအကြား အဆင်အပြေဆုံးရက်ကို ရွေးချယ်ကာ ကျင်းပကြခြင်း ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...