ကလေးမြို့တွင် ချင်းရိုးရာနပန်းပြိုင်ပွဲ ကျင်းပမည်

ကလေးမြို့တွင် ချင်းရိုးရာနပန်းပြိုင်ပွဲ ကျင်းပမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်အခြေစိုက် Seven Cable Network ဦးဆောင်မှုဖြင့် Wrestling Championship 2018 ခေါ် ချင်းရိုးရာ ​မီဇိုး နပန်းပြိုင်ပွဲကြီးကို အောက်တိုဘာလ (၂၃) ရက်နေ့မှ နိုဝင်ဘာလ (၁၅) အတွင်း ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲကြီးကို အဆင့် (၃) ဆင့်ဖြင့် ခွဲထားပြီး အငယ်တန်း (Pate) အဖြစ် ပေါင် ၁၂၀ အောက်၊ အလတ်တန်း (Palaihawl) အဖြစ် ပေါင် (၁၂၁) မှ (၁၃၉) အကြားနှင့် အကြီးတန်း (Palian) အဖြင့် ပေါင် (၁၄၀) ကျော် စသဖြင့် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ယှဉ်ပြိုင်မှုများကို Seven Cable Network Channel 5 နှင့် Youtube တို့တွင် တိုက်ရိုက်ပြသသွားနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဆုကြေးများအနေဖြင့် အကြီးတန်းခေါ် (Heavyweight) ချန်ပီယံ ပထမဆုကို ခါးပတ်နှင့်ကျပ်ငွေ (၅) သိန်း၊ ဒုတိယဆုကို ကျပ်ငွေ (၂) သိန်းခွဲ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး၊ အလတ်တန်းခေါ် (Middleweight) ချန်ပီယံပထမဆုကို ခါးပတ် နှင့် ကျပ်ငွေ (၄) သိန်း၊ ဒုတိယဆုကို ကျပ်ငွေ (၂) သိန်းအပြင် အငယ်တန်းခေါ် (Light Flyweight) ချန်ပီယံပထမဆုကို ခါးပတ် နှင့် ကျပ်ငွေ (၃) သိန်းနှင့် ဒုတိယဆုကို ကျပ်ငွေ (၁) သိန်းခွဲ စသဖြင့် ပေးအပ်ချီးမြှင့်သွးမည့်အပြင် Semi Final တက်ရောက်နိုင်သူများကိုလည်း နှစ်သိမ့်ဆုများ ချီးမြှင့်ပေး သွားမည်ဖြစ်သည်။

Mizo Pa Inchai (Wrestling Championship 2018) နပန်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် အောက်တိုဘာလ (၂၂) ရက်နေ့၊ နေ့လည် (၁၂းဝ၀) နာရီအထိ နာမည်စာရင်းများ ပေးသွင်းနိုင်ကြောင်းသိရပြီး အမျိုးသားများသာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် နပန်းပြိုင်ပွဲဖြစ်ကြောင်းလည်းသိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...