ချင်းပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်ကိစ္စ နိုင်ငံတော်ဘဏ္ဍာငွေ အသုံးမပြုဟုဆို

ချင်းပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်ကိစ္စ နိုင်ငံတော်ဘဏ္ဍာငွေ အသုံးမပြုဟုဆို

ချင်းပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ အသုံးမပြုဘဲ အလှူရှင်များ၏ထောက်ပံ့ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ ဗိုလ်ချုပ်ကြေးရုပ်ကို အလှူရှင် တစ်ဦးက သိန်းသုံးရာလှူဖို့လုပ်ထားတယ် သူကအစအဆုံး တာဝန်ယူပြီးတော့ ပြီးစီးတဲ့ထိ တာဝန်ယူလှူဖို့ရှိတယ် ကျွန်တော်တို့က နိုင်ငံတော် ဘတ်ဂျက်ကိုမသုံးဘူး ဒါကလူထုထည့်ဝင်ငွေနှင့်ပဲ နောက်ပြီးတော့ ဒါကို အသင်းအဖွဲ့တွေ အလှူရှင်နှင့်ပဲလုပ်မှာပါ” ဟု ဦးစိုးထက်ကပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ကို ချင်းပြည်နယ် ဟာခါးမြိ်ု့နှင့် ထန်တလန်မြို့တွင်ထားရှိမည်ဖြစ်ပြီး ကြေးရုပ်တုကိုလည်း စစ်ကိုင်းတိုင်းတွင် မှာထားပြီဟု စည်ပင်ဝန်ကြီးကပြောသည်။ ချင်းပြည်နယ်တွင် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထားရှိမည့်ကိစ္စအပေါ် ထန်တလန်မြို့ဒေသခံများက ကန့်ကွက်မှုများရှိနေပြီး ဗိုလ်ချူပ်ကြေးရုပ်ထက် ချင်းသူရဲကောင်း ခေါင်းဆောင်များ၏ ကြေးရုပ်ကိုသာ ထားရှိရန်လိုလားနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဦးစိုးထက်က “အရင်တုန်းကတော့ ကန့်ကွက်ကြတယ် ဒါပေမယ့် ကျွန်တော်တို့ အခုနိုင်ငံတော်ဘဏ္ဍာငွေမပါတော့ပဲနှင့် ပြည်သူတွေက အလှူရှင်တွေရဲ့ ထည့်ဝင်ငွေတွေနှင့်ဆိုတော့ ပုံစံတမျိုးပေါ့ နောက်ပြီးတော့ ဟိုအရင်တုန်းကတော့ ဗိုလ်ချုပ်ပန်းခြံ ဘာညာ အဲလိုဆိုတာကို နည်းနည်း ပထမပိုင်းမှာတော့ ကန့်ကွက်တာရှိပါတယ် အခုကတော့ ကျွန်တော်တို့က အဲဒီနေရာက ပြည်သူလူထုအားလုံးအပန်းဖြေတဲ့ ပြည်သူ့ပန်းခြံ အဲလိုလေး ရည်ရွယ်ပြီးတည်ဆောက်တာဖြစ်ပါတယ် ပြည်သူပန်းခြံအနေနှင့်တည်ဆောက်တယ်” ဟု ဦးစိုးထက်ကရှင်းပြသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...