သူခိုးဟုစွပ်စွဲခံရသည့် (၈) တန်းကျောင်းသူ ကျောင်းပြန်မတက်သေး

သူခိုးဟုစွပ်စွဲခံရသည့် (၈) တန်းကျောင်းသူ ကျောင်းပြန်မတက်သေး

ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက်(၁၄) နှစ်အရွယ် (၈) တန်းကျောင်းသူ မလာလ်မှူဖဲလ် သည် ကျောင်းအုပ်ဆရာမကြီးမှ သူခိုးဟု စွပ်စွဲခဲ့သည့်နောက်ပိုင်း ယနေ့ချိန်ထိ ကျောင်းပြန်မတက်သေးဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၃၀) ရက်နေ့က မလာလ်မှူဖဲလ်သည် ၎င်းတို့အိမ်နဲ့ကပ်လျက်ရှိသော ကုန်စုံဆိုင်၌ စျေးဝယ်သည့်အချိ်န်တွင် ဆိုင်ရှင်မှ ပစ္စည်းခိုးသည်ဟု ပြောဆိုကာ ကျောင်းအုပ်ဆရာမကြီးထံသို့ တိုင်ကြားခဲ့သည်ဟု သိရသည်။

ကျောင်းအုပ်ဆရာမကြီးမှ ရုံးခန်းသို့ခေါ်ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ သူခိုးဟု ခေါ်ဆိုသည့်အတွက်ကြောင့် ကလေးမလေးသည် ရှက်ကြောက်၍ စက်တင်ဘာလ (၇) ရက်နေ့မှ ယနေ့ချိန်ထိ ကျောင်းမတက်တော့ကြောင်းလက်ပံချောင်းကျောင်းသားဟောင်းများအသင်းခေါင်းဆောင်တစ်ဦး ကရှင်း ပြသည်။

“ကျွန်တော်တို့ ကျောင်းတက်ဖို့အတွက် သွားခေါ်တယ် လာပါ ကျောင်းအုပ်ကြီးကလာကြိုခိုင်းတာ ကျောင်းလာတက်ပါ ဆိုပြီးခေါ်တယ် ဒါပေမယ့် ကံယာကံရှင်နှင့် မိဘတွေကလည်း ကလေးမလေးရဲ့ ဆန္ဒက အရေးကြီးဆုံးဆိုတော့ ကလေးမလေးက မသွားရဲသေးဘူး အဲဒါနဲ့ ဆိုပြီးတော့ ဒီအတိုင်းတော့မဖြစ်ဘူး သူအကြောက်ဆုံးက ကျောင်းအုပ်ကြီးဆိုတော့ ကျောင်းအုပ်ကြီးက သူကိုယ်တိုင်သွားပြီး ကလေးမရယ် ဘာပဲဖြစ်ဖြစ်လာပါ ကျောင်းလာတက်ပါဆိုပြီး မာနကိုရှေ့မထားပဲ ကျောင်းအုပ်ကြီးကိုခေါ်ဖို့ ကျေးရွာဥက္ကဌဆီသွားပြီး အကူအညီသွားတောင်းတယ် ဒါပေမယ့်ကျောင်းအုပ်ကြီးကမလာဘူး အခုလက်ရှိမှာ ကျောင်းအုပ်ကြီးက ကျောင်းတက်ဖို့ခေါ်တဲ့အပေါ်မှာ နည်းနည်းလေးလွဲနေသေးတယ်လို့ထင်တယ် ကျောင်းသူမလေးက သူ့ကျောင်းအုပ်ကြီးကို လန့်ကိုလန့်တာ သူအတန်းမှာရှက်သွားတယ်လေ သူခိုးမလို့ တစ်ခန်းလုံးကြားအောင်ခေါ်ပြီး ရုံးခန်းကိုခေါ်သွားတာဆိုတော့” ဟု သူကပြောသည်။

စက်တင်ဘာ (၁၅) ရက်နေ့က မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူများက လက်ပံချောင်းကျောင်းသို့လာရောက်ပြီး ကျောင်းအုပ်ကြီးရုံးခန်းတွင် နှစ်ဖက်ကျေအေးကြရန် တိုက်တွန်းခဲ့ကြသော်လည်း ကျောင်းသူမိဘများက ငြင်းဆိုခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မလလ်မှူဖဲလ် ကို မေးမြန်းကြည့်ရာ “ဆရာမကြီးကတော့ သူခိုးမရှိလား သူခိုးမကျောင်းလာသလား၊ ကျောင်းလာခိုင်း လက်မှတ်ထိုးရမယ်လို့ပြောတယ်လို့ ပြန်ကြားတယ် ကျွန်မ ကြောက်သေးတယ် ဆရာမကြီးကို အဲဒါကြောင့် မသွားရဲသေးတာ” ဟု ပြောသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...