ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်မတော်ထဲ စစ်မှုထမ်းခဲ့သော စစ်သည်များအား ထောက်ပံ့မည်

ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်မတော်ထဲ စစ်မှုထမ်းခဲ့သော စစ်သည်များအား ထောက်ပံ့မည်

ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်မတော်ထဲ စစ်မှုထမ်းခဲ့သည့် စစ်သည်များနှင့် ၎င်းတို့၏ ဇနီးသည်များအား ထောက်ပံ့ရေးအစီအစဉ်ကို လာမည့် နိုဝင်ဘာလတွင် ပြန်လည်စတင်တော့မည်ဟု စုံစမ်းသိရှိရသည်။

ယင်းထောက်ပံ့မှုသည် အင်္ဂလန်အခြေစိုက် Help For Forgotten Allies (H4FA) အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ဗြိတိသျှ စစ်မှုထမ်းဟောင်းများ ထောက်ပ့ံသည့်အစီစဉ်ဖြစ်ပြီး ချင်းပြည်နယ်နှင့် ကလေးကဘော်ဒေသတွင် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်စတင်ကာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် ပူပေါင်း၍ စတင်ထောက်ပံ့ခဲ့ကြသည်ဟု ချင်းလူမှုအခွင့်အရေးအဖွဲ့မှ Field Director Salai Tera ကပြောသည်။

“ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဗြိတိသျှတပ်မတော်ထဲမှာ စစ်မှုထမ်းခဲ့တဲ့ ဘယ်လူမျိူးမဆိုအကျူံးဝင်ပါတယ်၊ ယနေ့ချိန်ထိ အသက်ရှင်သေးတဲ့သူတွေရှိရင် သူတို့ကိုထောက်ပ့ံပါတယ်၊ တကယ်လို့ကွယ်လွန်သွားပြီဆိုရင်တော့ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ဇနီးသည်တွေကို ထောက်ပ့့ံပါတယ်၊ ဒါပေမယ့် နှစ်ယောက်စလုံးကွယ်လွန်ကြပြီဆိုရင်တော့ ထောက်ပံ့မှုမပေးတော့ဘူး’’ ဟု Salai Tera ကပြောသည်။

ယင်းထောက်ပ့ံမှုအစီစဉ်သည် တစ်နှစ်လျှင် ကျပ်ငွေ (၂သိန်း) နှုန်းဖြင့် နှစ်စဉ်ထောက်ပ့ံသည့်အစီစဉ်ဖြစ်ပြီး ပြီးခဲ့သည့် (၂) နှစ်အတွင်း ချင်းပြည်နယ် နှင့် ကလေးကဘော်ဒေသရှိ ချင်းစစ်သည် (၁၀၀) ခန့်ကို ထောက်ပ့ံနိုင်ခဲ့သည်ဟု သိရသည်။

ယခု ၂၀၁၈ ခုနှစ်အတွက် ထောက်ပ့ံမည့်အစီစဉ်ကို နိုဝင်ဘာလတွင် ပြန်လည်စတင်မည်ဖြစ်ပြီး CHRO (09263 075540, 09255934177) အဖွဲ့ထံသို့ ဆက်သွယ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...