ကျပ်တစ်သောင်းတန် ငွေအတုပြုလုပ်သူ ၂ ဦးဖမ်းမိ ၁ ဦးလွတ်မြောက်

ကျပ်တစ်သောင်းတန် ငွေအတုပြုလုပ်သူ ၂ ဦးဖမ်းမိ ၁ ဦးလွတ်မြောက်
ဖမ်းဆီးရမိသည့် ငွေအတုများနှင့် ဆက်စပ်ပစ္စည်းများ(Internet)
ဖမ်းဆီးရမိသည့် ငွေအတုများနှင့် ဆက်စပ်ပစ္စည်းများ(Internet)

မွန်ပြည်နယ် သထုံမြို့၌ တစ်သောင်းတန် ငွေစက္ကူတန်ဘိုး ကျပ်ငွေသိန်း ၁၂၀၀ ကျော် အတုပြုလုပ်သူ ၂ ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးရမိသော်လည်း ကျန် ၁ ဦးလွတ်မြောက်နေကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

သထုံမြို့မရဲစခန်းမှ ဒု-ရဲမှူး မောင်မောင်က “တရားခံသုံးယောက်မှာ တစ်ယောက် ထွက်ပြေးနေတယ်။ နှစ်ယောက်ကိုတော့ ဖမ်းမိထားတယ်” ဟု ပြောသည်။

သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ငွေအတုပြုလုပ်သည့်နေရာတွင် နေအိမ်ပိုင်ရှင် ဒေါ်ဌေးဌေးနှင့် ဇော်မင်းနိုင် (ခ) ကိုဇော် တို့ကိုဖမ်းဆီးမိခဲ့ပြီး ဘိုလေး(နာမည်စိစစ်ဆဲ) ဆိုသူ လွတ်မြောက်နေကြောင်း ၄င်းကဆိုသည်။

အဆိုပါဖမ်းဆီးမှုတွင် တစ်သောင်းတန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်နှင့်အတူ ငွေအတုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများကိုလည်း တပါတည်းသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ / ၁၀၆ ဖြင့် စက်တင်ဘာလ (၂၅) ရက်နေ့က သထုံမြို့နယ်ရဲစခန်း၌ အထက်ပါ ဖမ်းဆီးမိသူများအား အမှုဖွင့်စစ်ဆေးခဲ့သည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...