UPDJC အတွင်းရေးမှူးများ အလွတ်သဘောစားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပ

UPDJC အတွင်းရေးမှူးများ အလွတ်သဘောစားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပ
UPDJC အတွင်းရေးမှူးများ အလွတ်သဘောစားပွဲဝိုင်းဆွေးနွေးပွဲအမှတ်တရ(ဓါတ်ပုံ -Hla Mg Shwe)
UPDJC အတွင်းရေးမှူးများ အလွတ်သဘောစားပွဲဝိုင်းဆွေးနွေးပွဲအမှတ်တရ(ဓါတ်ပုံ -Hla Mg Shwe)

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးများ အလွတ်သဘောတွေ့ဆုံသည့် နှစ်ရက်တာ Roundtable Discussion စားပွဲဝိုင်းဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

United States Institute of Peace (USIP) ၏ ကူညီပံ့ပိုးမှုဖြင့် နေပြည်တော် Mount Pleasant ဟိုတယ်၌ စက်တင်ဘာ ၂၂-၂၃ ရက်နေ့များတွင် ကျင်းပခြင်းဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေး ပါတီအစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တို့မှ တက်ရောက်ခဲ့ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

ဦးလှမောင်ရွှေက “ NLD အစိုးရလက်ထက်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့အခါ UPDJC အတွင်းရေးမှူး ၅ ယောက်စီဖြစ်လာပါတယ်၊ ၂ နှစ်ခွဲတာကာလမှာ အတွင်းရေးမှူးများအနေနဲ့ အလုပ်တွေပိ ၊ ထိုင်တာနဲ့ အလုပ်ကိစ္စတွေ မပြီးမှာစိုးလို့ အလုပ်ဘဲပြောနေရလို့ Brainstorming လုပ်ချိန်မရ ၊ Retreat မရှိခဲ့၊  အခုတိုက်တိုက်ဆိုင်ဆိုင် ရှားရှားပါးပါး လုပ်ဖြစ်တာ ကောင်းပါတယ်” ဟု ဆိုသည်။

လာမည့် ၂၁ ရာစုပင်လုံညီလာခံအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့က သြဂုတ် ၂၉၊ ၃၀၊ ၃၁ တွင် တစ်ကြိမ် ၊ စက်တင်ဘာ ၄၊ ၅ တွင် တစ်ကြိမ် အလားတူဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်ဟုလည်း ၄င်းက ဆက်ပြောသည်။

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးက “ခုလိုဆွေးနွေးပွဲက ပထမဦးဆုံးလုပ်တဲ့ပွဲ ဖြစ်တယ်၊ Brainstorming တွေ လုပ်နိုင်ကြတယ်၊ တဖက်ရဲ့အခက်အခဲကို ပူးတွဲဖြေရှင်းကြရမယ်ဆိုတာကို နားလည်လာကြတယ်၊ လက်ရှိဖြစ်နေတဲ့ Process အပေါ် ဘယ်လိုသွားရင်ကောင်းမလဲ သဘောထားဆန္ဒတွေ ပြောဆိုဆွေးနွေးတာ ရှိတယ်၊ ဒါပေမယ့် Workshop ဖြစ်နေတော့ ဆုံးဖြတ်ချက်ချတာတော့ မဟုတ်ဘူး” ဟု ဆိုသည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုက လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(စတုတ္တအစည်းအဝေး) ကို နိုဝင်ဘာလအတွင်း ကျင်းပရန်အကြမ်းဖျဉ်း သဘောထားရှိသော်လည်း လက်ရှိအချိန်ထိ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်းမရှိသေးသဖြင့် ၂၀၁၈ နှစ်ကုန်ပိုင်းအထိ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရန် အလားအလာမတွေ့ရှိရကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီများက ထောက်ပြမှုများ ရှိသည်။  

ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးနှင့်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးတို့ နိုင်ငံရေးဆွေးနွေးပွဲတရပ် အမြန်ဆုံးကျင်းပနိုင်ရန် NCA S-EAO တို့က သဘောထားထုတ်ပြန်ထားသည်။

လက်ရှိ UPDJC အဖွဲ့တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ် ၁၆ ဦး၊ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများကိုယ်စားလှယ် ၁၆ ဦး၊ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စားလှယ် ၁၆ ဦးပါဝင်ပြီး အတွင်းရေးမှူးအဖွဲ့တွင် အဆိုပါအစုအဖွဲ့ ၃ ဖွဲ့မှ ၅ ဦးစီ စုစုပေါင်း ၁၅ ဦးပါဝင်ကြောင်း တွေ့ရှိရသည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...